Tuesday, October 11, 2016

စန္တာ;ခမ်းသို့ မွေတော်ကက္ကူဘုရား ဓာတ်တော်စွယ်တော် ဒေသစာရီ ကြွချီမည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်




မိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် မွေတော်ကက္ကူဘုရားမှ သီတင်းသုံးနေသော ဓာတ်တော် စွယ်တော်များ ဒေသစာရီကြွချီခြင်းကို နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ဒီကနေ့ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်၊ အင်္ဂါနေ့၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံး ကြီးမြို့နယ်ခွဲ(ယခင်)၊ မွေတော်ကက္ကူဘုရားကျောင်းတိုက်တွင် ပြုလုပ်ကျင်းပသော အစည်းအဝေးအရ ယခုနှစ် မွေတော်ကက္ကူဘုရား ဓာတ်တော်စွယ်တော်များကို ပင်လောင်းမြို့နယ်၊ စန္တာ;ခမ်းသို့ ပင့်ဆောင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အစည်းအဝေးကို စန္တာ;ခမ်း၊ ပင်လောင်းမြို့နယ်ရှိ ဆရာတော်များနှင့် ဒကာများ၊ ကက္ကူဘုရားမှ သြဝါဒါစရိယနှင့် ဂေါပကများက ယနေ့ မနက်( ၉း၃၀ မှ ၁၁း၀၀)အထိ ဓာတ်တော်မွေတော် ပင့်ဆောင်ရန် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ တန်ဆောင်မုန်း လဆန်း ၁ ရက်မှစ၍  တန်ဆောင်မုန်းလဆန်း ၁၄ ရက်အထိ ဓာတ်တော်စွယ်တော် သီးတင်းသုံးနိုင်မည့် ပင်လောင်းမြို့နယ် စန္တာ;ခမ်းကို ကြွချီမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဒေသစာရီ ကြွချီမည့် ခရီစဉ်ကို တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့တွင် နမ်းပလင်းရွာ၊ (၂) ရက်နေ့တွင် နောင်မွန်းရွာ၊ (၃) ရက်နေ့တွင် နမ်းတိုင်းရွာ၊ (၄) ရက်နေ့တွင် ထီရီး-မွေးတော်၊  (၅) ရက်နေ့တွင် ထီရဲုင့်ရွာ၊ (၆) ရက်နေ့တွင် ဆောင်းတွုမ်းရွာ၊ (၇) ရက်နေ့တွင်  ထီဗိရွာ၊ (၈) ရက်နေ့တွင် နောင်ဝိုး၊ (၉) ရက်နေ့တွင် တဲင်းထဲက်၊ (၁၀) ရက်နေ့တွင် မင်းပူး/ပင်လဲုင်း၊ (၁၁) ရက်နေ့တွင်  ပင်လောင်း၊ (၁၂) ရက်နေ့ တွင် နောင်ပီး၊ (၁၃) ရက်နေ့တွင် ကောင်လေရွာနှင့် (၁၄) ရက်နေ့တွင် ဆောင်းဖိုးရွာသို့ ကြွချီမည်ဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် မွေတော်ကက္ကူဘုရားသို့ ပြန်လည်ကြွချီမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

Powered by Blogger.