Wednesday, November 9, 2016

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးမှ ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်






၂၀၁၆၊ နိုဝင်ဘာ(၉)ရက်၊ ဗုဒ္ဓဟူးနေ့မနက် (၉)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ၀ဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီနှင့် အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကောင်စေတီတောရကျောင်းသို့ သွားရောက်၍ဆရာတော် ဘဒ္ဒန္တက၀ိန္ဒအားသွားရောက်ဖူးမျှော်ပြီး ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် သင်္ကန်းများသွားရောက်လှူဒါန်းကာမနက် ( ၁၁း၃၀) ချိန်တွင် ထမ်းစမ်းဂူရှိ ရှင်ပေါရိဿ     အားသွားရောက်ဖူးမျော်ခဲ့ပါသည်။

ထို့နောက် နောင်ခါးရွာရှိ နောင်ခါးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ နောင်ခါးဆရာတော်ထံမှ သရဏဂုဏ်သုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပြီးနောက် နောင်ခါးရွာသူ/သားများအား ခေါင်းဆောင်ကြီးမှ သြ၀ါဒချီးမြှင့်ခဲ့ပါသည်။

ညနေ(၄)နာရီအချိန်တွင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်ကာ နောင်တောင်းဆရာတော်အားသွားရောက်ဖူးမျော်ပြီးလှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ပြီးနောက် နောင်တောင်းပရဟိတကျောင်းရှိကျောင်းသား/သူများအား သြ၀ါဒစကား ချီးမြှင့်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

ခွန်စုထူးယံ(ဟိုနမ်း)
Powered by Blogger.