Thursday, November 17, 2016

Myanmar Education Consortium အဖွဲ့မှ မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရွက်မှုအကြောင်း ဟောပြော

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်





၂၀၁၆ ခုနှစ်၊  နိုဝင်ဘာလ (၁၇) ရက်၊ ကြာသပတေးနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Myanmar Education Consortium အဖွဲ့မှ မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရွက်မှုအကြောင်း လာရောက်ဟောပြောကြောင်းသိရှိရပါသည်။

အဆိုပါ အဖွဲ့သည်  Astrallis ၊ UK  ၊ Denmark နိုင်ငံတို့ အစိုးရ၏ ထောက်ပံ့မှုဖြင့် MEC အဖွဲ့က ရပ်တည်နိုင်ခဲ့ပြီး  “၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပညာရေးကဏ္ဍကို တိုင်းရင်းသားဒေသအတွင်းရှိ ကလေးသူငယ်များ၊ ပညာရေးနှင့်ပတ်သက်ပြီး အခွင့်အလမ်းနည်းသော ကလေးသူငယ်များ ၊ အရည်အသွေး ပြည့်ဝသောပညာရေးရရှိနိုင်ရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ/စာသင်ကျောင်းများ၊ ပြည့်ဝသော ကလေးများ၏ အရည်အသွေးများမြှင့်တင်ပေးရန်၊ လက်ရှိလုပ်ဆောင်နေသော ပညာရေးစနစ်များ ပိုမိုအားကောင်းလာစေရန်  ရည်ရွယ်ပြီး MEC အဖွဲ့မှ ပညာရေးထောက်ပံ့မှုဖြင့် ပေးဆောင်သွားမည်ဖြစ်ကြောင်း၊   ပညာရေးဟောပြောပွဲကို နိုဝင်ဘာလာ (၁၁) ရက်နေ့ ရန်ကုန်မြို့တွင် ပညာရေးမြှင့်တင်မှုနှင့် ပတ်သက်ပြီး စတင်ဟောပြောခဲ့ကြောင်း၊  မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့် ပညာရေးဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့်   ထိထိရောက်ရောက်တိုင်ပင်ဆွေးနွေးပြီး  ပညာရေးနည်းစနစ်လမ်းကြောင်းများ မည်သို့မည်ပုံသွားမည်ကို တိုင်ပင်ဆွေးနွေးကြောင်း  ၊  ပညာရေးကဏ္ဍဆောင်ရွက်နေသော အဖွဲ့အစည်းများကိုလည်း လျှောက်လွှာများ လျှောက်ထားနိုင်ရန် ပြောကြားကြောင်း  ၊ လျှောက်လွှာပိတ်သည့်ရက်များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၅) ရက် နံနက် (၉း၀၀) နာရီအချိန်တွင် လျှောက်လွှာများပိတ်ပြီး   စတီးယားရင်းကုမ္ပဏီမှ လျှောက်ထားသောအဖွဲ့အစည်းပေါင်းစုံများ၏ လျှောက်လွှာများ ကိုက်ညီမှုရှိ / မရှိ စစ်ဆေးပေးပြီး ကိုက်ညီမှုရှိသည့်အဖွဲ့များသည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင် ကြေငြာပေးသွားမည်ဖြစ်ပြီး ထောက်ပံးကြေးများသည်လည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ” ဒေါ်အေးအေး ကပြောကြားခဲ့ပါသည်။

ထိုအခမ်းအနားများသည် ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ပအိုဝ်းစာပေသင်ကြားရေးအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဓနုစာပေနှင့်ယဉ်ကျေးမှုအသင်း၊ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ကျွမ်းတစ်ထောင်မြေဖောင်ဒေးရှင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း စသည့်အဖွဲ့များဖြင့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။

မျင်းမိုရ်ခမ်းနင်း
Powered by Blogger.