Sunday, December 18, 2016

မွန်ပြည်နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်







ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဦးစီးမှုဖြင့် ဒီဇင်ဘာလ(၁၇)ရက်၊ စနေနေ့၊ မွန်ပြည်နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်တိုင်းရင်သားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်၊ မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဥက္ကဌ ဦးခွန်သိန်းရွှေ၊ အတွင်းရေးမှူး ဦးခွန်ဒါလီ၊ ကျိုက်ထိုမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးခွန်လှဦးတို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကွင်းဖွင့်ပွဲအနေဖြင့် နောင်ကုလားရှမ်းရွာ နှင့် ကျောက်ရေတွင်းကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကြရာ ကျောက်ရေတွင်းကျေးရွာအသင်းမှ ၃ ဂိုး သုညဖြင့် အနှိုင်ရရှိသွားကြောင်း၊ ယခုနှစ်တွင် ကျေးရွာပေါင်းစုံ ဘောလုံးအသင်းပေါင်း(၁၆)သင်း ရှိကြောင်း သိရှိရသည်။

ခွန်ရဲလင်းထက်(သထုံ)

Powered by Blogger.