Friday, December 9, 2016

နောင်ထော်ကျေးရွာတွင် တိုက်နယ်ဆေးရုံ (၁)ရုံအသစ် တိုးချဲ့ဖွင့်လှစ်ပေးရန် စီစဉ်လျက်ရှိ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး က ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ် ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာမြင့်ထွေး က ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာတွင် ထိုက်နယ်ဆေးရုံ (၁) ရုံ အသစ် တိုးချဲ့ဖွင့်လှစ် ရရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ (၂၈-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ကမဘ/ဃ-၁၃၇၂/၄၆ ဖြင့် ဖွဲ့စည်းပုံ ခွင့်ပြုမိန့် ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာတွင် စံကိုက် (၁၆) ခုတင်ဆံ့၊ တိုက်နယ် ဆေးရုံဆောက်လုပ်ပေးရန် စီမံကိန်းခန့်မှန်းတန်ဘိုး ကျပ်သန်း (၆၃၀) လျာထားပြီး ကုသရေးဦးစီးဌာန၏ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၃၉၀) ခွင့်ပြုချက် ရရှိထားပါသဖြင့် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ကိုးကား - ပြည်သူ့လွှတ်တော်
PNO Media

Powered by Blogger.