Thursday, December 8, 2016

ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်သည့် အခြေအနေနှင့် ကိုက်ညီမှုရှိပါက စိစစ်ဆောင်ရွက်ပေးမည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်


ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့ရှိ တလှိုင်းမရွာသစ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အား မည်သည့်ကာလတွင် အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရန်အတွက် ထက်ဆင့်သင်ကျောင်းသား (၂၀၀) ဦးနှင့် အထက်ရှိရမည်ဖြစ်ပါကြောင်း။

သို့သော် တလိုင်းမရွာသစ်တွင် စုစုပေါင်းထက်ဆင့်သင် ကျောင်းသား (၁၂၅) ဦးသာ ရှိသော်လည်း သတ်မှတ်မူဘောင်များအား ဖြေလျော့၍ အဆင့်တိုးမြှင့်ပေးနိုင်သည့် အခြေအနေနှင့် ကိုက်ညီမှုရှိပါက စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား - ပြည်သူ့လွှတ်တော် 
Powered by Blogger.