Thursday, December 8, 2016

ဖက်ကွန်ကျေးရွာအုပ်စု ထီခြုံကျေးရွာတွင် ဘုရားထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်



အထူးဒေသ(၆)မြင့်မိုရ်ခမ်း တောင်ကြီးမြို့နယ် ၊ ဖက်ကွန်ကျေးရွာအုပ်စု ၊ ထီခြုံကျေးရွာအနောက်ဘက် တောင်ပေါ်တွင် ဆုတောင်းပြည့် အောင်ချမ်းအေးစေတီတော် ထီးတော်တင်လှူပူဇော်ပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုကော်မတီ ဘုရားဒါယကာကြီး ဖြားတန်ခွန်လှဆာနှင့်ဇနီး ဘုရားဒါယိကာမ ဒေါ်နန်းချဉ် သားသမီးမြေးတစုတို့က ဦးဆောင်ပြီး ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါစေတီတော်မြတ်ကို သာသနာတော်နှစ် ၂၅၆၀-ခု၊ ကောဇာသက္ကရာဇ် ၁၃၇၈-ခုနှစ်၊ နယုန်လဆန်း(၃)ရက်၊ ဗုဒ္ဓဟူးနေ့ ကောင်းမြတ်သော နံနက်(၉း၃၀)နာရီ အချိန်တွင် ဖက်ကွန်ကျေးရွာအုပ်စုရပ်၊ ကျေးသံဃာ့နာယက ဆရာတော်ကြီးများ၏ သြ၀ါဒကို ခံယူပြီး ဆရာဦးခွန်ရာဇမှ ဦးစီး၍ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၂)နေ နှစ်ဘက်မိဘနှစ်ပါး၊ ဆရာသမားများအား ရည်စူး၍ ဘုရားအလှူဒါယကာကြီး ဖြားခွန်လှဆာ+ဘုရားအလှူဒါယိကာမကြီး ဒေါ်နန်းချဉ် သားသမီးမြေးမြစ်တစ်စုတို့ မတည်လှူဒါန်းပြီး ထီခြုံကျေးရွာ ခုနှစ်ရက်သားသမီးများနှင့် ရပ်နီး၊ရပ်ဝေးမှ အလှူရှင်အပေါင်းတို့က ပါဝင်လှူဒါန်းကြပြီး ၁၃၇၈-ခုနှစ် နတ်တော်လဆန်း(၉)ရက် ကြာသပတေးနေ့ နံနက်(၁၀)နာရီ အချိန်တွင် ထီးတော်တင်လှူ ပူဇော်၍ မွန်းလွဲ(၁း၀၀)နာရီ အချိန်တွင် လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ၍ လှူဒါန်းအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုထီးတော်တင်လှူပွဲကို စူဠာမုနိကျောင်းဆရာတော်၊ စခဲုင်းကျောင်းဆရာတော် ငိုမွူးကျောင်းဆရာတော်၊ စသည့် ပင့်ဆရာတော် သံဃာတော်များ ကြွရောက်ကြပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာယက ဖြားခွန်လာ၊ (PNO)အသွင်ပြောင်းပြည်သူ့စစ်ဌာနေ ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်၊ စန္တာခမ်း ခမ်းဗွေ ဖြားခွန်ဂျိုးဇက် တွဲဘက်အတွင်းရေးမှူး(၄) ဖြားခွန်ကိုး အပါအ၀င် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီဝင်များ ဌာနပေါင်းစုံ ရုံးဝန်းထမ်းများနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ ဒေသခံမိဘပြည်သူများ တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.