Monday, December 12, 2016

ပအိုဝ်းလူငယ်ကွန်ယက် (PYN) တွေ့ဆုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်







၂၀၁၆၊ ဒီဇင်ဘာ(၁၁)ရက်၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဘုန်းတော်ကြီးကျောင်းရှိဓမ္မာရုံတွင် ဆီဆိုင်မြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN) တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်မှ အဖွင့်စကားပြောကြားပြီး ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူး တို့မှ အမှာစကားများအသီးသီးပြောကြားခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် ပအိုဝ်းလူမျိုးများအနေဖြင့် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ဖို့ ဒီထက်မက ပိုကြိုးစားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့်ကဏ္ဍအလိုက် သက်ဆိုင်ရာပုဂ္ဂိုလ်များ ယခုကြိုးစားနေကြဆဲဖြစ်ပြီး ပအိုဝ်းများအနေဖြင့် အမြဲတမ်းစည်းစည်းလုံးလုံးရှိနေဖို့ လိုအပ်နေပါကြောင်း၊ မြင့်မားသည့်အရာကိုလိုချင်ရင် ပိုကြိုးစားရမှာဖြစ်ပြီးယခု ပအိုဝ်းဒေသတွင်း အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးကို ပပျောက်အောင် အားလုံးပူးပေါင်းတိုက်ထုတ်ဖို့လည်းလိုပါကြောင်း စသည့်အကြောင်းအရာများကိုပြောကြားခဲ့ပါသည်။

အမှာစကားများပြောကြားပြီးနောက် တက်ရောက်လာသောလူငယ်များမှ မေးမြန်းသည့်မေးခွန်းများကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များဖြေကြားခဲ့ပါသည်။

ဆီဆိုင်မြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) တွေ့ဆုံဆွေးနွေးပွဲကို (၃)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ(၁၁)၊ ပထမနေ့တွင် လူငယ် (၄၀၀) နီးပါးတက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.