Thursday, January 26, 2017

ဇလဲကျေးရွာ၊ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်




၂၀၁၇-ခုနှစ်၊ ဇန်န၀ါရီလ(၂၆)ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ဇလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ဇလဲ)တွင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၁၆ - ၂၀၁၇ ခုနှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။ ၎င်းအခမ်းအနားကို ရှမ်းပြည်နယ်ပညာရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းနှင့်အဖွဲ့၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ပညာရေးတာဝန်ခံ ဦးအုန်းငွေ နှင့် လွယ်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်သန်းဝင်းတို့မှ တက်ရောက်အားပေးကြပြီး၊ နံနက် (၉း၂၀) အချိန်တွင် ကျောင်းဆောင်သစ်ကို ၎င်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်သွားကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး အ.ထ.က ဇလဲ ခန်းမဆောင်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ စုံညီပွဲတော်ကို ကျောင်းသား/သူများမှ မြန်မာ့ကျောင်းသား သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်ခဲ့ပြီး ရှမ်းပြည်နယ် ပညာရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် ပညာရေးတာဝန်ခံ ဦးအုန်းငွေနှင့် လွယ်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်သန်းဝင်းတို့အသီးသီးမှ ကြွရောက်လာကြသော ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံရပ်မိရပ်ဖများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ ကို အမှာစကားပြောကြားခြင်း၊ အ.ထ.က ဇလဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းတင်တင်နုမှ အ.ထ.က ကျောင်း၏သမိုင်းအကျည်းနှင့် တိုးတက်မှု အခြေအနေများကိုတင်ပြခြင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးသိန်းတန်မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အတန်းလိုက် ထူးချွန်ကျောင်းသား/သူများ ကို ဆုချီးမြှင့်ခြင်းနှင့် ကျောင်းသား/သူများ၏ အကဖျော်ဖြေမှုများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်အောင်;နွောင်,
Powered by Blogger.