Tuesday, January 17, 2017

ကောင်းမွန်သောဒေသန္တရအုပ်ချုပ်ရေးစနစ်ပေါ်ထွန်းရေးအတွက် အစိုးရ၊မီဒီယာနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြားယုံကြည်မှုတည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်



တောင်ကြီးမြို့ အောက်မေ့ဖွယ်ဓမ္မာရုံတွင် ရှမ်းတောင်သတင်းမီဒီယာကွန်ယက်နှင့် UNDPတို့ ပူးပေါင်းပြီး ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေးစနစ်ပေါ်ထွန်းရေးအတွက် အစိုးရ၊ မီဒီယာနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များအကြားယုံကြည်မှုတည်ဆောက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇-ခုနှစ်၊ ဇန်နဝါရီ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ကြသော ဌာနပေါင်းစုံမှ တာဝန်ရှိသူများ၊မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများက ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေးစနစ် ပေါ်ထွန်းရေးအတွက် ဝိုင်းဖွဲ့ပြီးအုပ်စုလိုက် ဆွေးနွေးခဲ့ကြပါသည်။

ထို့ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိလူကြီးမင်းများ၊ မီဒီယာနှင့်အရပ်ဘက် လူမှုအဖွဲ့အစည်းများ(၃၆)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ 
Powered by Blogger.