အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် ရှေ့ဦးစွာ ကျောင်းထိုင်ဆရာတော် အသီးသီးကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာကြသော လူကြီးမင်းများနှင့် ဒေသခံပြည်သူများက ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒစကားများကို နာယူခဲ့ကြသည်။
ဆက်လက်၍ ကျေးရွာအသီးသီးရှိ ဒေသခံပြည်သူများကိုယ်စား ဦးခွန်ထွန်းသာမှ အဖွင့်အမှာစကား ပြောကြားပြီး ဒေသဦးစီးဥက္ကဌ ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြားခွန်မောင်ဖြူ၊၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခွန်စောအောင်နှင့် နောင်တရားမြို့အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့ဝင်းတို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဒေသခံမိဘပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ဒေသဦးစီးဥက္ကဌဖြားခွန်စံလွင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း အဆိုပါ အခမ်းအနားကို နေ့လယ် (၁၂း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် တီကျစ်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာသို့ ထွက်ခွာကာ တီကျစ်ကျေးရွာအုပ်စု၊ ဘန်းပြင်ကျေးရွာအုပ်စု၊ လုံးဖိုးကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ လွယ်မော်ကျေးရွာအုပ်စုနှင့် ဘုရားဖြူကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောက်ရွက်ပြီး/ ဆဲ/မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားက ဒေသခံပြည်သူများကလည်း လိုအပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
ခွန်ဒဒါဒါး
Like On Facebook
Follow On Twitter
Subscribe On RSS