Tuesday, January 24, 2017

ဒုတိယအကြိမ်မြောက်မြင်းစီးပြိုင်ပွဲ နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပမည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဒုတိယအကြိမ်မြောက် မြင်းစီးပြိုင်ပွဲနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအပြင် ထောပတ်သီးနည်းပညာပြပွဲနှင့်ပြိုင်ပွဲ၊ ပအိုဝ်းရိုးရာ ခေါပုတ်ထောင်းပြိုင်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မင်္ဂလာပါဟိုပုံး လူမှုကွန်ယက်စာမျက်နှာတွင် သိရှိရပါသည်။

အဆိုပါ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုပါက ၀င်ကြေး(၃)သောင်းနှင့်အတူ (၃၁-၁-၂၀၁၇)တွင် နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပါကြောင်း၊ ပြိုင်ပွဲကို (၁-၂-၂၀၁၇)တွင် စတင်ကျင်းပမည် ဖြစ်ကြောင်းသိရှိရသည်။

မြင်းစီးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲ၊ ထောပတ်သီးနည်းပညာပြပွဲ၊ ပအိုဝ်းရိုးရာ ခေါပုတ်ထောင်းပြိုင်ပွဲ၊ စပါးထောင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ(၉)ရက်နေ့မှ (၁၂)ရက်နေ့အထိ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ တဖူးကိုင်းရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် စတိတ်ရှိုးအကပဒေသာများ၊ သထွုံ;ပေ;အာ;ရဲုင်. ဇာတ်သဘင်အဖွဲ့များ ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။

နဂါ့ခွန်
Powered by Blogger.