Monday, March 27, 2017

ကျူမုန့်ကျေးရွာတွင် အခြေခံအဟာရ ဖွံ့ဖြိုးမှုသင်တန်း ဖွင့်လှစ်ပေး

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၇) ရက်





အမျိုးသမီးအာဟာရမြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး AVSI (NGO)အဖွဲ့နှင့် ပါရမီလူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်း၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ကျူမုန့်ကျေးရွာတွင် ၂၀၁၇ခုနှစ်၊ မတ်လ(၂၅)မှ (၂၆)ရက်အထိ ဒေသခံများအတွက် အခြေခံအဟာရ ဖွံ့ဖြိုးမှုသင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၄၄)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းသင်တန်းတွင် အဟာရချို့တဲရခြင်းအကြောင်းရင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ညီညွတ်မျတဲ့သော အစာအဟာရနှင့် အစာအဟာရစီမံခြင်း၊ အစာအဟာရချို့တဲမှု လက္ခာဏာရပ်များ၊ အမျိုးသမီးများအတွက် အဟာရ၊ မိခင်နို့တိုက်ကျွေးခြင်း၊ ကျန်းမာသန့်ရှင်းရေးနှင့် နေအိမ်ပတ်ဝန်းကျင်၊ အစားအသောက်ပြင်ဆင်ခြင်း စသည့်ခေါင်းစဉ်များဖြင့် သင်ကြားခဲ့ပြီး ဟင်းချက်ပြိုင်ပွဲများ ဆွေးနွေးပွဲများပါ ထည့်သွင်း သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
၎င်းအခြေခံအဟာရ ဖွံ့ဖြိုးမှုသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ(၃)ရွာကို ရွေးချယ်ပြီး ဆက်လက် ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.