Sunday, March 26, 2017

နန်းခင်ဇေယျာ(MMI)နှင့် ပအိုဝ်းအဆိုတော်များပါဝင်သော ပရဟိတကျောင်းအတွက် ရံပုံငွေရှာ စတိတ်ရှိုးပွဲ ပြုလုပ်မည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၇) ရက်



ပအိုဝ်းဒေသတွင် ဖွင့်လှစ်ပေးလျက်ရှိသော နောင်တောင်း ပရဟိတပညာရေးကျောင်းနှင့် လုံးကောင်(ပညာဥယာဉ်) ပရဟိတပညာရေးကျောင်းတို့၏ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး (Miss Myanmar International) အလှမယ် နန်းခင်ဇေယျာနှင့် ပအိုဝ်းအဆိုတော်များစွာပါဝင်သော ပရဟိတကျောင်းအတွက် ရံပုံငွေရှာ စတိတ်ရှိုးပွဲကို ၂၀၁၇ခုနှစ်၊ ဧပြီလ(၂)ရက်၊ တနင်္ဂနွေနေ့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ခန်းမကြီးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စတိတ်ရှိုးပွဲတွင် နန်းခင်ဇေယျာနှင့်အတူ ပအိုဝ်းဟာသအဆိုတော် ခွန်စောင်းဝဲင်း၊ ခွန်ဘာဂျနှင့် လူငယ်အကြိုက် အဆိုတော်များဖြစ်သော ခွန်ထွန်းဖြူ၊ ခွန်ရရက်၊ ခွန်ငယ်လင်း၊ Kမင်းသစ်၊ ခွန်ကောင်ရွေ၊ နင်းရက်ပဲင်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရှိုးပွဲကို (၂-၄-၂၀၁၇)ညနေ ၆း၀၀ နာရီတွင် စတင်မည်ဖြစ်ပြီး အဆိုပါ ရှိုးပွဲကို လက်မှတ်ရောင်းချသွားမည်မဟုတ်ဘဲ ပွဲလာကြည့်သူများအနေဖြင့် ပရဟိတကျောင်းရံပုံငွေအတွက် မိမိစေတနာအလျောက် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.