Friday, March 31, 2017

Taunggyi Business Center ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁) ရက်








တောင်ကြီးမြို့၊ တောင်ကြီးဆေးတက္ကသိုလ်အနီးရှိ Taunggyi Business Center ကို ၂၀၁၇၊ မတ်လ(၃၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ဦးစွာပထမ ရှမ်းပြည်နယ် စီးပွား/စီမံဝန်ကြီး ဦးစိုးညွန့်လွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့မှ  ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ရှမ်းရိုးရာအကအဖွဲ့မှ ကိန္နရီ ကိန္နရီကအဖြင့် ဖျော်ဖြေခြင်း အစီအစဉ်များ ပြုလုပ်ပြီးနာက် MC မှ အရောင်းကောင်တာ အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် speech အခမ်းအနားတွင် ရှမ်းပြည်နယ် စီပွား/စီမံဝန်ကြီး ဦးစိုးညွန်လွင်မှ - ယခု Taunggyi Business Centre ကို ဖွင့်လှစ်နိုင်ခြင်းသည် စီးပွားရေးအခွင့်အလှမ်း၊ ပို့ဆောင်ရေးအခွင့်အလှမ်းစသည့် အခွင့်အလှမ်းများကို ဖန်တီးနိုင်မှာ ဖြစ်တဲ့အတွက် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊  နိုင်ငံသူ နိုင်ငံသားများ အကျိုးစီးပွားအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူများနှင့် ပူးပေါင်း၍  စီးပွားရေးအခွင့်အလှမ်းတွေကို ရှမ်းပြည်နယ်ဒေသနှင့် ကိုက်ညီမည့် လုပ်ငန်းတွေအားလုံးကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊   Local investor , International investor များအနေဖြင့်  ပြည်သူနဲ့ ထိပ်တိုက်တွေ့မယ် ပြဿနာမျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ့်ပြဿနာမျိုးကလွဲပြီး ရင်းနှီးမြုပ်နှံမှုအားလုံးကို ရှမ်းပြည်နယ် အစိုးရအနေနှင့်ပံ့ပိုးကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ပြောကြားသွား ပါသည်။
ထို့နောက် IMyanmar house .com မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူမှ TBC & 1st Myanmar smart Living Expo အကြောင်းများကို ရှင်းလင်းပြီးနောက် ကြွရောက်လာသော ဧည့်သည်တော်များအား တည်းခံကျွေးမွေးခဲ့ပါသည်။
ဖွင့်ပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့်အဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးခဲ့ကြကြောင်း သိရှိရပါသည်။
ဤ Taunggyi Business Center ကို ၂၀၁၄-ခုနှစ်တွင် wa Minn Company နှင့် Phyu Zin Company တို့မှ တင်ဒါအောင်မြင်ပြီးနောက် နိုင်ငံတကာအဆင့်မီ အကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ခွန်ဓဇ

Powered by Blogger.