Tuesday, May 30, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မန့်ကျေးရွာတွင် ကျောင်းဆောင်သစ်တိုးချဲ့

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၃၁) ရက်



ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာအုပ်စု၊ လွယ်မန့်ကျေးရွာတွင် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ကို တိုးချဲ့တည်ဆောက်ပေးလျက်ရှိကြောင်း ၂၀၁၇-ခုနှစ်၊မေလ (၂၉)ရက်နေ့တွင် သိရှိရပါသည်။

အဆိုပါကျောင်းဆောင်သစ်ကို တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် ၂၀၁၀-ခုနှစ်၊ မေလတွင် ရွာသူ/ရွာသားများက ကိုယ့်အားကိုကိုးစနစ်ဖြင့် ကျောင်းဆောင်သစ်များပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး အခြေခံဖောင်ဒေးရှင်းကို အုတ်မြစ်ချတည်ဆောက်ခဲ့ကြပြီး ၂၀၁၇-ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကခွင့်ပြုသော ကျပ်ငွေ(၄၆၈)သိန်းဖြင့် အလျားပေ (၁၂၀)၊အနံပေ (၃၀)(၆)ခန်းတွဲ အမက(မူလွန်) ကျောင်းဆောင်သစ်ကို လျှံထူးအောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

ထိုကျောင်းဆောင်သစ်ဆောက်လုပ်ရာတွင် လျင်မြန်စွာပြီးစီးအောင်မြင်နိုင်ရန်အတွက် လွယ်မန့်ကျေးရွာမှ ခွန်ထွန်းရွှေ၊ ခွန်ဘမောင်၊ ခွန်ဝေဠု၊ ဖြားတင်၊ ဖြားဗုတ်၊ ဖြားလောဝ်၊ ဖြားမော်လှ၊ ခွန်မောင်နီ၊ ခွန်မောင်ပေတို့က ကော်မတီအဖြစ် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။ (၂၀၁၇)ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် လွယ်မန့်ကျေးရွာအပါအ၀င် ကျောင်းဆောင်သစ်များကို (၅)နေရာ တိုးချဲ့တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.