တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက်
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ကောင်စီ ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဥက္ကဌ ခွန်အောင်ကျော်၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊နာယက ဖြားခွန်လာ၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်၊ အတွင်းရေးမှူး(၄) ဖြားခွန်ဆရာကိုး၊ ဥပဒေအကြံပေး ဖြားခွန်ဆန်းရွှေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဥပဒေရေးရာဌာနမှ ခွန်ခမ်းခြိုင်၊ နန်းစိန် တို့က ဒီကနေ့ ၂၀၁၇ခုနှစ်မေလ(၂)ရက်နေ့၊ (PNO) ဗဟိုဌာနရုံးတွင် ရှမ်းပြနယ်တောင်ပိုင်း ပအိုဝ်းနေထိုင်ရာဒေသရှိ တရားမျှတရေး ဥပဒေဆိုင်ရာ အကြောင်းများ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပအိုဝ်းဒေသအတွင်းရှိ ဓလေ့ထုံးတမ်းကျင့်သုံးမှုများ၊ ပအိုဝ်းဒေသတွင် အများဆုံးဖြစ်ပေါ်နေသော ပြစ်မှုဆိုင်ရာများ၊ တရားဥပဒေစိုးမိုးမှုများ၊ ဒီမိုကရေစီရေစီးကြောင်းကြောင့် ပျက်ပြယ်ခဲ့ရသော ပအိုဝ်းလူမျိုးဓလေ့ထုံးတမ်းများ စသဖြင့်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
PNO မီဒီယာ
Like On Facebook
Follow On Twitter
Subscribe On RSS