Saturday, June 17, 2017

ပအိုဝ်းဒေသတွင် မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းဆောင်ရွက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၇) ရက်





ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ရှမ်းပြည်နယ် ကုန်းလမ်ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန တို့ပူပေါင်းပြီး တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားမြောက်ရွာဘုန်းကြီးကျောင်းတွင် ယနေ့ ဇွန်လ (၁၇) ရက်၊ နံနက် (၉း၀၀) အချိန်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲနှင့် မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်၊ ကားယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း၊ ထော်လာဂျီယာဉ်မောင်း လိုင်စင်၊ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်း၊ ကားလိုင်စင်အုံနာဘုတ် သက်တမ်းတိုးခြင်းများ ပြုလုပ်ပေးကြောင်း သိရသည်။

အဆိုပါပြုလုပ်ပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူး (၂) ဦးစိုင်းကြည်တင့် မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ်သည် "လူတိုင်းယာဉ်မောင်းလိုင်စင်များရှိအောင် ဘာကြောင့်ရှိစေချင်လဲဆိုတော့ အရင်တုန်းကဆို ကားနှင့်ဆိုင်ကယ် ဟာ မြို့ကြီးထဲမှာဘဲရှိတယ်။ ယခု ပအိုဝ်းဒေသမှာ ငြိမ်းချမ်းလာတော့ ကားနှင့်ဆိုင်ကယ်တွေပေါများလာတယ် ဒါ့ကြောင်း လူတိုင်းယာဉ်မောင်းလိုင်စင်များမရှိမဖြစ်ရလေအောင် လိုအပ်တယ်။ မော်တော်ယာဉ် ဥပဒေအကြောင်း ကိုလည်း သိရှိနားလည်ရန် လိုအပ်တယ်" လို့ပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းဒေသအတွင်းရှိ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ် တို့တွင် တစ်မြို့နယ်လျှင် နေရာ (၂) နေရာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး တောင်ကြီးမြောက်ဘက်ခြမ်းတွင် ဇလဲကျေးရွာနှင့် နောင်လေကျေးရွာအုပ်စု ငိုမွူးကျေးရွာတွင် လည်းကောင်း၊ တောင်ကြီးတောင်ဘက်ခြမ်းတွင် နောင်ကားမြောက်ဘုန်းကြီးကျောင်းနှင့် ကျောက်တလုံးကြီးမြို့တွင် လည်းကောင်း၊ ဟိုပုံးမြို့နယ်တွင် စောက္ကဆျားကျေးရွာနှင့် ကျောက်တန်းကျေးရွာတွင် လည်းကောင်း၊ ဆီဆိုင်မြို့နယ်တွင် ဆိုက်ခေါင်စံပြကျေးရွာ တွင်လည်းကောင်း ဆက်လက်လုပ်ဆောင်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ ပအိုဝ်းလူမျိုး အများဆုံး နထိုင်ရာဒေသဖြစ်သော မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်ပေးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။

နန်းအိနြေ္ဒခမ်း

Powered by Blogger.