တောင်ကြီးတက္ကသိုလ်ရှိ ပအိုဝ်းလူငယ်အဖွဲ့မှ လှုပ်ရှားမှုများဆောင်ရွက်နိုင်ရန်နှင့် အားလပ်ရက်တွင် ပရဟိတကျောင်းတွင် ပညာဒါနပြုနိုင်ရန်၊ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းပေးခြင်း၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင် အသိပညာပေးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဘာသာရေး၊ လှုမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဝေယျာဝစ္စဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ ဇွန်လ (၁၇) ရက်နေ့တွင် အစည်းအဝေးကျင်းပကြောင်း သိရသည်။
ယခုလိုလှုပ်ရှားမှုများဆောင်ရွက်ပေးခြင်းဖြင့် ပအိုဝ်းလူငယ်အချင်းချင်း ရင်းနှီးမှုများရရှိပြီး လူငယ်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းလာစေရန် ၊ ဒေသတွင်းအသိပညာများ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသော ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ သဘာဝပတ်ဝန်းကျင်တို့ကို ချစ်မြတ်နိုး၍ တန်ဖိုးထားတတ်သော လှုမှုအသိုင်းအ၀ိုင်းဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ကြောင်းသိရသည်။ ထိုလှုပ်ရှားမှုများသည် အရင်နှစ်များတွင်လည်း လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် လှုပ်ရှားဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် တောင်ကြီးတက္ကသိုလ် ပအိုဝ်းလူငယ်အဖွဲ့မှ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS