Friday, June 30, 2017

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ FLEGT- VPA လုပ်ငန်းစဉ်ဆောာင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်


၂၀၁၇ ခုနှစ်၊ ဇွန်လ (၃၀) ရက်၊ နံနက် (၈း၃၀)အချိန် တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်တွင် တရားဝင်သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းအလုပ်ရုံးဆွေးနွေးပွဲကို ကျင်းပကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ FLEGT- VPA လုပ်ငန်းစဉ်ဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် တိုင်းဒေသကြီးပြည်နယ်အားလုံးမှာရှိသည့် အဖွဲ့အစည်း၊ မီဒီယာ၊ အစိုးရ ၊ ပုဂ္ဂိလိကလုပ်ငန်းစဉ်၊ လှုမှုရေးဆိုင်ရာအသင်းအဖွဲ့များနှင့် ဆက်စပ်ပတ်သက်သည့် ပြည်သူလူထုတွေကို နားလည်သဘောပေါက်အောင် ရှင်းလင်းတင်ပြခြင်းဖြစ်ပြီး ထိုလုပ်ငန်းစဉ်ကို ဆောင်ရွက်သည့်နေရာမှာ ဘယ်အဆင့်ထိရောက်နေပြီလဲ ရှေ့ဆက်ဆောင်ရွက်ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲ မူဝါဒတွေ ဘယ်လိုချမှတ်ရမလဲဆိုသည်ကို တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်ကို ရှေ့လုပ်ငန်းအထောက်အကူဖြစ်လာနိုင်ရန်အတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဒု - အထွေထွေမန်နေဂျာ စီမံကိန်းစာရင်းဌာန မြန်မာ့သစ်လုပ်ငန်း ဦးညီညီထွန်း ပြောကြားချက်အရသိရသည်။

ဆက်လက်ပြီး FLEGT လုပ်ငန်းစီမံချက်လုပ်ဆောင်ခြင်းဖြင့် တရားမ၀င်သစ်ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းကို တိုက်ဖျက်နိုင်မည့်အပြင် ဥရောပဈေးကွက်ဝယ်လိုအားစီးပွားရေး၊ အခွင့်အလမ်း အလားအလာများကြောင့် သစ်တင်ပို့သည့်နိုင်ငံများအနေဖြင့် ကောင်းမွန်သော သစ်တောစီမံအုပ်ချုပ်မှု ပိုမိုပွင့်လင်းမြင်သာပြီး ပူးပေါင်းပါဝင်သော တာဝန်ယူမှုရှိသောကြောင်း စီမံအုပ်ချုပ်မှုတိုးမြှင့်နိုင်ရေးကို အထောက်အပံ့ဖြစ်စေနိုင်မည့် စီမံချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအခန်းအနားများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်အသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.