Wednesday, July 12, 2017

LIFT , IOM , PDN တို့က ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံကိန်းအတွက် သတင်းအချက်အလက်ရယူ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်






 LIFT၊ IOM၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (PDN)တို့က လက်ရှိလုပ်ဆောင်နေသည့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာစီမံကိန်း (တွဲလက်စီမံကိန်း)အတွက် သတင်းအချက်အလက်များ ကောက်ယူခြင်းကို ၂၀၁၇ ခုနှစ်၊ ဇူလှိုင် (၁၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ထိုသို့ပြုလုပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတကျောင်း ဆရာတော်ထံသို့ ဦးစွာတွေ့ဆုံဖူးမျော်ပြီးနောက် ပအိုဝ်းအုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်ထံသို့ သွားရောက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒေသအတွင်းရှိ ရွှေ့ပြောင်းသွားလာနေမှုအခြေနေများ၊ ဦးစီးအဖွဲ့မှ လုပ်ဆောင်နေသည့် ပညာရေးအခြေနေများနှင့် ချေးငွေကိစ္စရပ်များစသည့်အကြောင်းများကို ဆွေးနွေးခဲ့ ကြပါသည်။

ထို့နောက် မဲနယ်တောင်ဒေသရှိ ဗန်းစောက်ကျေးရွာသို့ သွားရောက်ပြီး ရွာသူ/သားများနှင့်တွေ့ဆုံကာ ရွာတွင်းရှိ ရွှေ့ပြောင်းသွားလာခြင်းနှင့် ပတ်သက်သောကိစ္စရပ်များ၊ ရပ်ရွာအတွင်း သင့်လျော်မည့်စီးပွားရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးသို့သွားရောက်ကာ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဒေါက်တာအောင်သန်းမောင်နှင့်တွေ့ဆုံခဲ့ကြပါသည်။

ညနေ(၅)နာရီခွဲချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး၌ ပအိုဝ်းလူငယ်ကွန်ယက် (PYN)ဥက္ကဋ္ဌ ခွန်အောင်ကျော် (ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် အဖွဲ့ဝင်များ၊ ပီတိဆရာ ကွန်ယက်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

IOMနှင့် ပါရမီအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာစီမံကိန်းမှာ  ၂၀၁၇၊ ဇန်န၀ါရီလတွင် စတင်ပြီး ၂၀၁၉၊ ဇွန်လတွင် ပြီးဆုံးမည်ဖြစ်သည်။ ရှမ်း/တောင်တွင် လွိုင်လင်၊ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ၊ ရပ်စောက်၊ ညောင်ရွှေ၊ တောင်ကြီး၊ ဟိုပုံးမြို့နယ်များရှိ ကျေးရွာပေါင်း (၁၂၀)များအတွက် ငွေကြေးစီမံခန့်ခွဲမှုသင်တန်း၊ သက်မွေးဝမ်းကျောင်းသင်တန်း၊ အခြေခံစီးပွားရေးသင်တန်းနှင့် အလုပ်အကိုင် ချိတ်ဆက်ပေးခြင်းအစီအစဉ်များကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

သက်မွေးဝမ်းကျောင်းသင်တန်းမှာ သင်တန်းသား(၇၆၀)ခန့် လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ဤစီမံကိန်းကို LIFT ( livelihoods and Food Security Trust Fund ) အဖွဲ့ ရန်ပုံငွေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ခွန်ဓဇ

Powered by Blogger.