ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဖြားခွန်စံလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လမ်းညွှန်မှုဖြင့် ပအိုဝ်းကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လျော့နည်းစေရန် ရည်ရွယ်၍ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ယာဉ်အန္တရာယ် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အသိပညာပေးကွင်းဆင်းဆောင်ရွက်ရာတွင် လူတိုင်းဆိုင်ကယ်စီးတဲ့အခါ ဦးထုပ်ဆောင်းရန် အဓိကထားပြီး ပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဆိုင်ကယ်ဦးထုပ် မဆောင်းသော ဆိုင်ကယ်သမားများနှင့် လိုက်ပါသူ များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းသိရှိနိုင်ရန် ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီး၊ ဆိုင်ကယ်စီးတဲ့သူတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းနိုင်ရန် တစ်ပတ်ကို (၃) ရက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အသိပညာပေးဆောင်ရွက်မည့် ကာလကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မျင်းမိုရ်းခွန်
Like On Facebook
Follow On Twitter
Subscribe On RSS