Tuesday, July 11, 2017

LIFT အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်



၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ ညနေ (၃း၀၀)  နာရီအချိန်တွင် LIFT အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တွဲဖက်အတွင်းရေးမှူး (၃) ဖြားခွန်တင်ထွဋ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) ဥက္ကဌ ဖြားခွန်အောင်ခင်၊ ဆရားခွန်မောင်ဘော် နှင့် အဖွဲ့တို့ကို လာရောက်တွေ့ဆုံကြောင်း သိရသည်။

အဆိုပါတွေ့ဆုံရာတွင် LIFT အဖွဲ့က ရွှေ့ပြောင်းသွားလာရေးဆိုင်ရာအကြောင်းများကို အဓိကဆွေးနွေးကြပြီး အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာများကို အဓိကကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိ ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN)  သည် LIFT အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်  IOM နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ   ရွှေ့ပြောင်းသွားလာရေးလုပ်ငန်း  လပေါင်း ( ၃၀ ) စီမံကိန်းကိုလည်း လုပ်ဆောင် နေသည့် အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းအိနြေခမ်း

Powered by Blogger.