တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၄) ရက်
၂၀၁၇ ခုနှစ်၊ ဇူလှိုင်လ (၄) ရက်၊ နေ့လည် (၂း၀၀)အချိန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး တွင် ရိုးမဘဏ် မန်နေဂျာအဖွဲ့မှ ရိုးမဘဏ် (တောင်ကြီး ရတနာသီရိ ) ဖွင့်ပွဲကို တက်ရောက်နိုင်ရန်နှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို လာရောက်ရှင်းလင်းကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲကို ရိုးမဘဏ် မန်နေဂျာ ဦးထွန်းထွန်းလင်း၊ ဒေါ်နွယ်နွယ်အေး၊ ဒေါ်မွန်ရည်သန့်၊ နန်းခင်ငြိမ်းစိုး တို့က ရိုးမဘဏ်အကြောင်းရှင်းလင်းတင်ပြခြင်းနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လာမည့် (၁၁.၇.၂၀၁၇) ရက်နေ့ ၊ အင်္ဂါနေ့တွင် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းနှင့် အနော်ရထာလမ်းထောင့်၊ ရတနာသီရိရပ်ကွက်၊ "ရိုးမဘဏ် (တောင်ကြီး ရတနာသီရိ) ဘဏ်သစ်ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ ထိုတွေ့ဆုံပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း ၊ ရုံးဝန်ထမ်းများ တက်ရောက်သူအားလုံး (၂၂) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
နန်းအိနြေ္ဒခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS