Thursday, September 21, 2017

ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီ၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်






၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၁) ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ မင်းကံကောင်း စားသောက်ဆိုင်၌ ပအိုဝ်းဒေသ ကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီ(PHWC)၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဤအခမ်းအနားတွင် PHWC အဖွဲ့ ဒါရိုက်တာဦးခွန်နေထူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးပြီး (PLNO) ဦးဆောင်နာယက ဖြားခွန်ဥက္ကာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားခွန်လာ၊ (PNLO) ဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်း၊ ပအိုဝ်းစာပေယဉ်ကျေးမှုအဖွဲ့ ဦးခွန်အောင်သိန်း၊ ကောင်ရွေပအိုဝ်းလူမှုရေးအဖွဲ့မှ ဦးခွန်မျိုး၊ (SSDF) အဖွဲ့မှ နန်းသဲင်မွန်းတို့က အသီးသီး ဂုဏ်ပြုအမှာစကားများ ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် ကဒူးကြီးကျေးရွာမှ ဒေသခံတစ်ဦးမှလည်း ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပါသည်။

အဆိုပါ ပအိုဝ်းဒေသကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ(PHWC)၏ ရည်ရွယ်ချက်များမှာ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သတ်မှတ်ဒေသများရှိ လူထုအတွင်း လက်လှမ်းမှီရေးကို တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးကောင်းမွန်သောကျန်းမာရေး ၀န်ဆောင်မှုစနစ်ပေါ်ထွန်းရေးကို မြှင့်တင်ဆောင်ရွက်သွားရန်၊ အရည်အသွေးပြည့်မှီပြီး လုံလောက်သောကျန်းမာရေးလုပ်သားများ မွေးထုတ်သွားရန်နှင့် ပြည်သူလူထုများ၏ ကျန်းမာရေးအသိပညာဗဟုသုတများ မြှင့်တင်ရန်၊ ပစ်မှတ်ထားသော ဒေသအတွင်း အဖြစ်များသော ရောဂါများအား ကာကွယ်ကုသပေးသွားရန်၊ သတ်မှတ်ထားသော ဒေသအတွင်းရှိ မိခင်နှင့် (၅)နှစ်အောက် ကလေးသေဆုံးမှုနှုန်းကျဆင်းစေရန်၊ ကျန်းမာရေးလုပ်သားနှင့် ပြည်သူလူထုများမှ ကျန်းမာရေးဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ လူထုအတွင်း ကျန်းမာရေးဆိုင်ရာကာကွယ်ရေးလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရန်၊ ကျန်းမာရေးလုပ်ငန်းစဉ်များ ပြန်လည်ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်းများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် ကျန်းမာရေး သတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်အောင် မြှင့်တင်ရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ဆေးဝါးစီမံခန့်ခွဲမှု စနစ်တခု ပေါ်ပေါက်လာစေရန်တို့ ဖြစ်ကြောင်းသိရှိရပါသည်။

ထိုအခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နာယက ဖြားခွန်လာ၊ (PNLO) နာယက ဖြားတန်ခွန်ဥက္ကာနှင့် ဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်း ၊ ဖိတ်ကြားထားသော အခြားအဖွဲ့အစည်းများနှင့် ဧည့်သည်တော်များ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ခွန်ထင်းလေ+နန်းသဲင်ခမ်း
Powered by Blogger.