Tuesday, September 26, 2017

၇ နှစ်အကြာမှ ပြန်လည်တွေ့ဆုံရသည့် တွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီး ခွန်မြင့်အောင်အား ပြည်သူများမှ ဝမ်မြောက် ကြိုဆို

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်













အထူးဒေသ (၆) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ခမ်း၊ နယ်၊ အွိုင် အဖွဲ့ ဒေသအုပ်ချုပ်ရေးပိုမိုရှင်သန်စေရန် ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဟဲင်းကြီးဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများကို စက်တင်ဘာလ(၂၆) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

ပထမဦးစွာ တက်ရောက်လာကြသောဒေသခံပြည်သူများနှင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး နောင်ဟဲင်းကြီးဆရာတော်ထံ ငါးပါးသီလခံယူပြီး ဆရာတော်ကြီးကသြ၀ါဒစကားမြွက်ကြားပေးခဲ့ပါသည်။ ဒေသခံများကို အဖွင့်စကားပြောကြားပေးသော ဖြားတန်စင်ဖါနေထွန်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) ခွန်ဖြားဗွာခမ်း ခမ်းဗွေ ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင် က မိမိတို့ဒေသကို (၇) နှစ်ကြာမြင့်ပြီး ယခုလိုပြန်လည်တွေ့ဆုံပေးခြင်းကို မိမိတို့အနေဖြင့် အတိုင်းမသိဝမ်းမြောက်ကြိုဆိုကြောင်း  ပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက မိဘပြည်သူမျာအနေဖြင့် ဘွဲ့ရပညာတတ်သား/သမီးများရှိပါက အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်စေရန် လိုအပ်ကြောင်း၊ မိမိတို့ခေါင်းဆောင်များအနေဖြင့် အမျိုးရေးအတွက်နှစ်(၁၀၀) အတွက် လုပ်ငန်းစဉ်များချမှတ်ထာပြီဖြစ်ကြောင်းနှင့် အမျိုးသားအတွက် အနာဂတ်လုပ်ငန်းစဉ်များကို အကျယ်တ၀င့်ပြောကြားခဲ့ပြီး ဗဟိုဌာနချုပ်ရုံး၊ ဥပဒေရေးရာဌာန ခွန်ဆက်အောင်က ဌာနချုပ်ရုံး လုပ်ဆောင်ချက်များကို ပြောကြားခဲ့ပါသည်။

အထူးဒေသ(၆) ကန်တော်ကြီးမြို့နယ် အလုပ်အမှုဆောင်ဆရာဖြူက မူးယစ်ဆေးဝါးများကိုထိရောက်စွာ တိုက်ဖျက်အရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဗိုလ်မှူးကြီးဖြားခွန်မြင့်အောင်က အမျိုးသားရေးလုပ်ငန်းစဉ်သည် အသက်ထက်ပိုမိုရှည်ကြာသဖြင့်  လုပ်ဖော်ကိုင်ဖက်များနှင့် ယခုလို တွေ့ဆုံရခြင်းဖြစ်ကြောင်း မိသားစုတွင် အိမ်ထောင်ဦးစီးစကားကို နားထောင်မှတိုးတက်သလို ကျေးရွာနှင့်ဒေသတို့တွင် ရွာသူကြီး၊ ရွာသမာဓိ နှင့် ခေါင်းဆောင်၏စကားကို နားထောင်မှတိုးတက်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကျယ်တ၀င့်ရှင်းလင်းပြောကြာခဲ့ပါသည်။ အဆိုပါအခမ်းအနားများကို ဒေသခံရပ်မိရပ်ဖ (၁၀၀၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ခွန်ခမ်းခြွိုင်
Powered by Blogger.