Friday, September 22, 2017

ဝိန်ကွန်ရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ (ခမ်း၊ နယ်;၊ အွိုင်;) က လူထုတွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်






 

အထူးဒေသ(၆)အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ (ခမ်း၊ နယ်;၊ အွိုင်;)အဖွဲ့က ကျေးရွာဒေသရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒီကနေ့ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ(၂၂)ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နမ့်တဘက်ကျေးရွာအုပ်စု၊ ၀ိန်ကွန်ဘုန်းတော်ကြီးကျောင်း တွင် လူထုတွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင်  ဒေသခံ ဖြားတန်ကေလာက အဖွင့်အမှာစကား ပြောကြားပြီး ခွန်ဖြားဗွာခမ်း(ခမ်းဗွေး)၊  အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ကွပ်ကဲရေးမှူး ဖြားခွန်မြင့်အောင်က စည်းလုံးညီညွတ်ရေး၊ မူးယစ်ဆေးဝါးအန္တရယ်၊ လုံခြုံရေးနှင့် ပတ်သက်၍ ဆက်လက် အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက ဆဌမအကြိမ်ပြုလုပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ရှေ့လုပ်ငန်းစဉ် (၉)ချက်ကို သော်လည်းကောင်း၊ PNO ဗဟိုဌာနရုံးရို ဥပဒေရေးရာဌာနမှ ခွန်ဆက်အောင်က PNO၊ ဗဟိုဌာနရုံးဖွဲ့စည်းပုံနှင့် ဌာနတစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို သော်လည်းကောင်း၊ နမ့်တဘက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး စိုင်းကေားခံက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကြောင်းကို သော်လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ PNO၊ PNAမှ လူကြီးမင်းများနှင့် ကျေးရွာအသီးသီးမှ ရွာသူ/သားများ စုစုပေါင်း(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခွန်ခမ်းခြိုင်
Powered by Blogger.