Friday, September 22, 2017

ကုန်းသာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ (ခမ်း၊ နယ်;၊ အွိုင်;) လူထုတွေ့ဆုံပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်






အထူးဒေသ(၆)အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ (ခမ်း၊ နယ်;၊ အွိုင်;)အဖွဲ့က ဒေသရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဒီကနေ့ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ(၂၂)ရက်နေ့၊ တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊ ကုန်းသာဘုန်းတော်ကြီးကျောင်းတွင် လူထုတွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို မျင်မိုရ်;ခမ်း၊ ခမ်းဗွေး ဖြားဆရာခေါင်မှ အဖွင့်အမှာစကားပြောကြားပြီး အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)-ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဒု-ဥက္ကဋ္ဌ ဖြားပီတာထွန်းနိုင်က ဆက်လက်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုကော်မတီအဖွဲ့ဝင် ခွန်အေးမောင်က ရပ်ရွာအေးချမ်းရေးကိစ္စကို သော်လည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဖြားခွန်ရာမမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေးကို သော်လည်းကောင်း၊ အထူးဒေသ(၆) မျင်မိုရ်;ခမ်း(ရန်;ကင်ဝေင်နယ်;)၊ ဥက္ကဋ္ဌ ခွန်ဝင်းစိန်မှ ကျေးရွာရှင်သန်ရေးကို သော်လည်းကောင်း၊ ဗိုလ်ကြီးညွန်းမှ ရပ်ရွာဒေသ စည်းမျဉ်းစည်ကမ်းများကို သော်လည်းကောင်း၊ (PNA)တပ်စု(၉)မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးခွန်အောင်ကိုနှင့် အထူးတပ်ရင်း ဗိုလ်မှူးခွန်မောင်ဟိန်တို့က ကျေးရွာလုံခြုံရေးကိစ္စကို သော်လည်းကောင်း၊ (PNO) ဗဟိုကော်မတီမှ နန်းခမ်းဗွာက (PNO) နိုင်ငံရေးပါတီအကြောင်းကို သော်လည်းကောင်း၊ (PNO)ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်ကျော်က ဗဟိုဌာနချုပ်ရုံးရှိ ဌာနဆိုင်ရာ၏ လှုပ်ရှားမှုကိုသော်လည်းကောင်း၊ မျင်မိုရ်;ခမ်း(ရန်;ကင်ဝေင်နယ်;)အမှုဆောင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ ခွန်ထွန်းစံက မူးယစ်ဆေးဝါးအကြောင်းကို သော်လည်းကောင်း အသီးသီးဟောပြောတင်ပြကြပြီး ပေါမူကျေးရွာအုပ်စု အတွင်းရေးမှူး ခွန်ထွန်းစံက ကျေးဇူးတင်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်းသိရှိရသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ PNO၊ PNA၊ စာ/ယဉ်(ဗဟို)မှ လူကြီးမင်းများနှင့် ကျေးရွာအသီးသီးမှ ရွာသူ/သားများ စုစုပေါင်း(၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နန်းသဲင်ခံ
Powered by Blogger.