Tuesday, October 24, 2017

ပအိုဝ်းလူငယ်ကွန်ယက် (PYN) မှ ၂၀၁၇ မျက်စိအလင်းတန်းခရီးစဉ်အနေဖြင့် စ၀်စံထွန်းအထွေထွေရောဂါကု ဆေးရုံးကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသမှုတွင် ပါဝင်ကူညီဆောင်ရွက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်







တရုတ်နိုင်ငံသံရုံးနှင့် လေးကျွန်းသူဖောင်ဒေးရှင်းအဖွဲ့ တို့မှ  LIFELINE EXPRESS ၂၀၁၇ မျက်စိအလင်းတန်းခရီးစဉ်အနေဖြင့် တောင်ကြီးမြို့၊ စ၀်စံထွန်းအထွေထွေရောဂါကု ဆေးရုံးကြီးတွင် မျက်စိတိမ်စွဲနေသော မျက်စိဝေဒနာရှင်များကို တရုတ်နိုင်ငံဆရာဝန်များနှင့် စ၀်စံထွန်းမျက်စိအထူးကုသရေးဌာနမှ ဆရာဝန်ကြီးနှင့် ဆရာဝန်များ၊ ဆရာ/မများ ပူးပေါင်းကား ရှမ်းပြည်နယ်ရှိမျက်စိဝေဒနာရှင်(၁)ထောင်ကျော်ကို အခမဲ့ စမ်းသပ်စစ်ဆေးပေးခဲ့ကာ ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင် (၂၃၅) ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။

မျက်စိဝေဒနာရှင်များ သွားလာနေထိုင်ရေးနှင့် အစားအသာက်များ အဆင်ပြေနိုင်စေရန်အတွက် ကျောက်တလုံးကြီးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ်ကွန်ယက် (PYN) လူငယ် (၁၂၀) ဦးအား စေတနာဝန်ထမ်း အဖြစ် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၂၄) ရက်နေ့အထိ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ မျက်စိဝေဒနာရှင် အထွေထွေကိစ္စများ သုံးနိုင်ရန်အတွက် ပအိုဝ်းလူငယ်ကွန်ယက် (PYN)မှ ငွေကျပ် (၅)သိန်း ပါဝင်လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ခမ်းနောဝ်



Powered by Blogger.