Friday, October 20, 2017

ဒုတိယအကြိမ် အင်းသားအမျိုးသားနေ့ကို အင်းလေးဖော်တော်ဦးဘုရားကုန်ပေါ်တွင် ကျင်းပ

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်








ညောင်ရွှေမြို့နယ်၊ အင်းလေး ဖော်တော်ဦးဘုရားကုန်းပေါ်တွင် ဒုတိယအကြိမ်အင်းသားအမျိုးသားနေ့ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဖော်တော်ဦးဘုရားရင်ပြင်ရှေ့သို့ ဆွဲလှေ (၄၈) စီး သရုပ်ပြလှော်ခတ်ကြပြီး အင်းအမျိုးသားနေ့ကျင်းပရခြင်းရည်ရွယ်ချက် (၄) ရပ်ဖြင့် တက်ရောက်လာသည့်အင်းသားများက ရွတ်ဆိုခဲ့ကြပါသည်။

ဆက်လက်ပြီး အင်းသားရိုးရာလှံစည်အကဖြင့် အခမ်းအနားဖွင့်လှစ်ပြီး သဘာပတိအဖွဲ့မှနေရာယူကာ  ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ဦးအေးသာအောင် ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် တို့က နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒုတိယအကြိမ် အင်းသားအမျိုးသားနေ့ ပေးပို့သောသ၀ဏ်လွှာကို ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ဖတ်ကြားပေးခဲ့ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း က ပေးပို့သော သ၀ဏ်လွှာကို ညောင်ရွှေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကဖတ်ကြားပေးခဲ့ပါသည်။ ကျန်ရှိသော သ၀ဏ်လွှာများကို အင်းသားအမျိုးသားနေ့ကျင်းပရေးကော်မတီက မှတ်တမ်းတင်ခြင်းများပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားများကို အမျိုသားလွှတ်တော် ဒု - ဥက္ကဌ၊ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဠ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြောင်းသိရှိရပါသည်။

အိနြေ္ဒခမ်း
Powered by Blogger.