Tuesday, November 21, 2017

ပန်းတင် - အွံအား - လင်းလေ လမ်းအဆင့်မြင့်တင်နိုင်ရန် ကွင်းဆင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်



တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာအုပ်စု၊ ပန်းတင် - အွံအား - လင်းလေ ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင့်မြင့်တင်နိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ လွတ်တော်ရေးရာဌာန၊ ပြန်ကြားရေးဌာန၊ ဥပဒေရေးရာဌာန ၀န်ထမ်းများနှင့် ဒေသခံပြည်သူလူထုများ ပူးပေါင်းပြီး နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့တိုင်းတာခဲ့ပါသည်။

အဆိုပါလမ်းသည် လွန်ခဲ့သည့် (၁၀)နှစ်တွင် အမာခံကျောက်ချောအဖြစ် ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း ယခုအချိန်တွင် ဒေသခံပြည်သူလူထုများ၏ တောင်းဆိုချက်အရ ပန်းတင် - အွံအား - လင်းလေ လမ်းကို ဒေသခံပြည်သူများ၏ စကားအရ (၄)မိုင်ခန့်လမ်းသည် ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်နိုင်ရန် ဒေသခံပြည်သူလူထုများ နှင့် ပူးပေါင်းပြီး အချက်အလက်ရယူကာ သက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.