Friday, December 15, 2017

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ကျောက်တလုံး-ပင်တွန် (၈)မိုင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအား သွားရောက် ကြည့်ရှု

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်၊ သောကြာနေ့တွင် ကျောက်တလုံးကြီးမြို့နယ်(ခွဲ)ရှိ ကျောက်တလုံး-ပင်တွန် (၈)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 အဆိုပါ ကျောက်တလုံး-ပင်တွန်(၈)မိုင်ခန့်ရှိသောလမ်းသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေမှ ကျောက်ချောလမ်း ဘတ်ဂျက်သာ ခွင့်ပြုချထားပေးသော်လည်း ၄င်းလမ်းကို ကတ္ကရာလမ်းဖြစ်မြောက်ရန်အတွက် ဒေသဦးစီး ဥက္ကဌနှင့် ဒေသခံများထပ်မံပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရသည်။ ယခုအခါ အဆိုပါလမ်းကို ကတ္တရာခင်းရာတွင် ၃/၄ မိုင်ခန့် ခင်းကျင်းပြီးစီးပြီ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေက သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နဂါ့ခွန်
Powered by Blogger.