Sunday, January 14, 2018

တောင်ကြီး၊ ဘုရားဖြူရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်



၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ(၁၄)၌ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပါမိုးနဲဘုန်းတော်ကြီး ကျောင်းတွင်  ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးလောင်းများ ဖြစ်ကြသော ဦးထွန်းဦး (နယ်မြေ-၅)၊ ဦးခွန်ညွန့်မောင်(နယ်မြေ-၇)၊ ဦးလှမြင့်(နယ်မြေ-၅)၊ ဦးခွန်ထွန်းကြာ (နယ်မြေ-၅)၊ ဦးခွန်ခင်မောင်(နယ်မြေ-၈)တို့က အသီးသီး ရွေးချယ်ဝင်ပြိုင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရွေးချယ်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး လောင်းများက မိမိတို့အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ၀င်ပြိုင်ရခြင်းနှင့် ပတ်သက်၍ စည်းရုံးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော မိဘပြည်သူများက လျှို့ဝုက်ဆန္ဒမဲများ ပေးကြကာ ဦးခွန်ညွန့်မောင်(နယ်မြေ-၇)မှ ၈၅၁မဲဖြင့် အနိုင်ရခဲ့ကြောင်းသိရသည်။ ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဘုရားဖြူရပ်ကွက်ရှိ နယ်မြေ(၁၂)ခု၊ အိမ်ထောင်စု(၃၀၀၀)မှ မိဘပြည်သူများ တက်ရောက် မဲပေးခဲ့ကြောင်း သိရသည်။

နဂါ့ခွန်

Powered by Blogger.