တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ ည(၇)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးဒဲဉ်သီးဗွေကွင်း၌ (၆၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့(တပေါင်းပွဲတော်)ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားကို ရှေးဦးစွာဖဲကြိုးဖြတ်ပြီး" စွဲရောင်ရောင် ပင်;ရောင်ရောင်"သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကာ၊ ပွဲဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဌ ဖြားတန်ခွန်မင်းကျော်မှ အဖွင့်အမှာစကားပြောကြားကာ တစ်ပြိုင်နက် ပွဲဖြစ်မြောက်ရေးအတွက် ရံပုံငွေရှာဖွေပေးသောအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ထို့နောက် အဆို၊ အကဖျော်ဖြေရေးအစီစဉ်များကို ဆက်လက်တင်ဆက်ပေးခဲ့ပြီး ပွဲတော်ကို (၂၅.၂.၂၀၁၈မှ ၁.၃.၂၀၁၈)ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး အနယ်အရပ်ရပ်ရှိ အကပဒေသာများ၊ အနုပညာရှင်များဖြင့် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကာ ယခုလက်ရှိတွင် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြီးတန်း၊ အငယ်တန်းနှင့် အမျိုးသမီးဘောလုံးပွဲများ ကျင်းပနေကြောင်း သိရသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS