ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဒဲဉ်သီးဗွေကွင်း ၁၃၇၉-ခုနှစ် တပေါင်းလဆန်း(၁၂) ရက်ည (၂၆-၂-၂၀၁၈) (၈း၃၀) အချိန်တွင် စတင်ပြုလုပ်ကျင်းခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားကို ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဖြားခွန်မောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင် ခွန်လှသိန်း၊ ဆီဆိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
ဖွင့်ပွဲညတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ သူရိယခမ်း ခမ်းဗွေဖြားလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များဖိတ်ကြားထားသော ဧည့်သည်တော်များ ဒေသခံရပ်မိရပ်ဖများ တက်ရောက်အားပေးခဲ့ကြသည်။
ပအိုဝ်းအမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/အမျိုးသ္မီးဘောလုံးအားကစားပြိုင်ပွဲကိုလည်း အသင်းပေါင်း(၁၂၇)ကျော်ဖြင့် (၁-၂-၂၀၁၈) ရက်နေ့မှစ၍ (၁-၃-၂၀၁၈) ရက်နေ့အထိ နေ့စဉ်ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရှိရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS