တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၁) ရက်
၂၀၁၈-ခုနှစ်၊ မတ်လ(၂၁)ရက်နေ့ နေ့လည်ပိုင်း(၁၂း၀၀)နာရီအချိန် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်လုံးဆိုင်ရာ (၂)ကြိမ်မြောက်ပရိယတ္တိပါဒက စာမေးပွဲတော်ကြီး စာအောင်ဆုဆက်ကပ်ပွဲနှင့် တရား တော်နာရေစက်ချပွဲ အခမ်းအနားကို ဟိုပုံးမြို့ ဖါလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသော ဟိုပုံးမြို့နယ် အစိုးရဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ စာပွဲဖြစ်မြောက်ရေးကော်မတီများ၊ ရပ်နီး/ရပ်ဝေးမှ အလှူရှင် ဒါယကာ ဒါယိကာမများက ဆီဆိုင်မြို့ ဇ၀နာရာမ ပရိယတ္တိစာသင်တိုက်နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တကောဝိဒါဘိဝံသအထံမှ သရဏဂုံသုံးပါးနှင့်တကွငါးပါးသီလကို ခံယူဆောက် တည်ပြီး အနုမောဒနာတရားများကို နာယူခဲ့ပြီးနောက် စာအောင်ဆုရ သံဃာတော်အရှင်သူမြတ်တို့အား ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ဒုတိယအကြိမ် ပရိယတ္တိ ပါဒကစာမေးပွဲ ပါဒကတန်း(သာမဏေ) အောင်စာရင်း သွင်း(၄၂၉)ပါး၊ ဖြေ(၄၁၇)ပါး အောင်(၂၉၈)ပါး။ ပါဒကတန်းလူပုဂ္ဂိုလ် သွင်း(၂၄၇)ဦး၊ ဖြေ(၂၄၀)ဦး၊ အောင်(၁၉၈)ဦး။ အခြေပြုမူလတန်း အောင်စာရင်း သွင်း(၆၇)ပါး၊ ဖြေ(၆၅)ပါး၊ အောင်(၄၃)ပါး။ မူလတန်းအောင်စာရင်း သွင်း(၁၁၃)ပါး၊ ဖြေ(၁၀၆)ပါး၊ အောင်(၅၀)ပါး။ သေခိယတန်းအောင်စာရင်း သွင်း(၃၉၉)ပါး၊ ဖြေ(၃၉၀)ပါး၊ အောင်(၃၆၅)ပါး။ စုစုပေါင်းစာဖြေသံဃာ(၁၀၀၈)ပါး၊ ပါဒကတန်းကျောင်းသူ(၂၄၇)ယောက်၊ စုစုပေါင်းစာဖြေပုဂ္ဂိုလ် (၁၂၅၅)ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS