Saturday, April 7, 2018

၂၀၁၈-၁၉ ခုနှစ် ပညာသင်နှစ်အတွက် မူလတန်းကြိုကျောင်းဆောက်လုပ်နိုင်ရန် ပဏာမ တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၇) ရက်



ဂျပန်နိုင်ငံ JAMARA အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်းပြီး ကျေးရွာများတွင် အမှန်တကယ်လိုအပ်နေသော မူလတန်းကြိုကျောင်းများကို အလှူများနှင့် ချိတ်ဆက်ကာ ဆောက်လုပ်နိုင်ရန်  ပင်လောင်းမြို့နယ်ရှိ တင်းထက်ကျေးရွာ၊ တောင်ကြီးမြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် နောင်တရားမြို့ရှိ အမကကျောင်းကုန် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းကော်မတီများနှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် အကြံပေးအရာရှိ (ပညာရေးကဏ္ဍ) ဆရာကြီး ဦးအုန်းငွေ တို့ ပဏာမတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ဆရာကြီး ဦးအုန်းငွေမှ ဂျပန်နိုင်ငံအလှူရှင်များသည် တစ်နှစ်လျှင် မူလတန်းကြိုကျောင်း အနည်းဆုံး (၁)ကျောင်းဆောက်လုပ်လှူဒါန်းလျှက်ရှိနေကြောင်း၊ အလှူရှင်မှ ယခုနှစ်တွင် နောက်ထပ် (၁)ကျောင်း (သို့) (၂)ကျောင်း ထပ်မံလှူဒါန်းရန်ရှိနေကြောင်း၊ ယခုတွင်လည်း ပဏာမ ကျောင်း(၃)ကျောင်းကို ရှာဖွေထားကာ ကွင်းဆင်းစစ်ဆေးရန်ရှိနေကြောင်းနှင့် ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် စသည်တို့ကို ဆွေးနွေးကာ ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းကာ ဆရာကြီးမှ အသေးစိပ် ပြန်လည်ရှင်းပြခဲ့ကြောင်းသိရှိရပါသည်။

ထိုဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ပါရမီဖွံ့ဖြိုးရေးကွန်ယက်ရုံးခန်း၌ (၆.၄.၂၀၁၈)ခုနှစ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆရာကြီးဦးအုန်းငွေ၊ ကျေးရွာသူကြီးများ၊ ကျောင်းကော်မတီများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း(၁၀)ဦးပါဝင်ကြောင်း သိရှိရပါသည်။

နန်းချူးကဗျာ

Powered by Blogger.