Tuesday, July 24, 2018

UNDP-UNREDD Programme မှ Regional Adivisor Mr.Timothy Boyle အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ (PNO) တာဝန်​ရှိပုဂ္ဂိုလ်​များအား လာ​ရောက်​​တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်


ပအိုဝ်း​ဒေသ သဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​စောင့်​​ရှောက်​​ရေး အတွက်​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​ PNO ဗဟိုဌာနချုပ်​ရုံးတွင်​ UNDP-UNREDD Programme မှ Regional Adivisor Mr.Timothy Boyle တို့အဖွဲ့က PNO တာဝန်​ရှိလူကြီးများအား ၂၀၁၈-ခုနှစ်​၊ ဇူလိုင်​လ (၂၅)ရက်​ နံနက်​(၁၁းဝဝ)နာရီအချိန်​တွင်​ လာ​ရောက်​​တွေ့ဆုံခဲ့ပါသည်​။

အဆိုပါ​တွေ့ဆုံရာတွင်​- UNDPနှင့်​ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး ဝန်​ကြီးဌာနတို့ ပူး​ပေါင်းလုပ်​ကိုင်​လျှက်​ရှိ​သော သစ်​​တောပြုန်းတီးခြင်း သစ်​​တောအတန်းအစား ကျဆင်းခြင်းတို့မှ ကာဗွန်​ထုတ်​လွှတ်​မှု ​လျော့ချခြင်းစီမံကိန်း(REDD) အ​ကြောင်းအရာများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ ချမှတ်​လုပ်​​ဆောင်​လျှက်​ရှိ​သော သစ်​​တောထိန်းသိမ်း​ရေးမူဝါဒများတွင်​ REDD လုပ်​ငန်းထင်​ဟပ်​​စေရန်​ REDDနှင့်​ပတ်​သက်​သည့်​ အသိပညာများတိုးပွား​စေရန်​ ရည်​ရွယ်​၍ ​တွေ့ဆုံရခြင်းဖြစ်​​ကြောင်း သိရှိရပါသည်​။

ထိုသို့​တွေ့ဆုံရာတွင်​ ပအိုဝ်း​ဒေသသဘာဝပတ်​ဝန်းကျင်​ ထိန်းသိမ်း​စောင့်​ရှောက်​​ရေး​ကော်​မတီအတွင်း​ရေးမှူး ဖြားခွန်​တင်​ထွဋ်​၊ ရုံးအဖွဲ့မှူး ​စောခွန်​​ကျော်​ဝင်း၊ စီမံဌာန ဌာနမှူးခွန်​​ကျော်​​အေး၊ နိုင်​ငံတကာဆက်​ဆံ​ရေးဌာန ခွန်​လှစိုး၊​လေ့ကျင့်​ပညာ​ပေး​ရေးဌာန နန်းထက်​မြက်​ဝင်း၊ ပါရမီဖွံ့​ဖြိုးရေးကွန်​ယက်​ အတွင်း​ရေးမှူး ခွန်​ချစ်​ဦးနှင့်​ UNDP-UNREDD Programme မှ Regional Adivisor Mr.Timothy Boyle ဦး​ဆောင်​​သော National Programme Coordinator Daw Khin Hnin Myint တို့လာ​ရောက်​ ​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိပါသည်​။

မော်​​အောင်​ထွိုက်
Powered by Blogger.