Monday, August 6, 2018

ဟိုပုံးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်




စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ(၆)လ ဘတ်ဂျတ်တွင်မောက်စောက်ကျေးရွာ၊ ခိုခြဲကျေးရွာနှင့် နောင်ယာဆိုင်းကျေးရွာ များအားကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူကအမှာစကားပြောကြားပြီး၊ တောင်ကြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်က(VDP)သည် ကဏ္ဍစုံလွှမ်းခြုံစဉ်းစားပေးသည့် စီမံကိန်းတစ်ခုဖြစ်ကာ ကျေးရွာလိုအပ်ချက်များကိုကျးရွာလူထုကိုယ်တိုင် သိရှိနားလည်ပြီး ဖော်ထုတ်တတ်စေရန် ရည်ရွယ်သည့် ရေရှည်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်အရ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူဗဟိုအသွင်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြာင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်ကကျေးရွာ(၃)ရွာမှ တာဝန်ရှိသူများကို ရန်ပုံငွေသိန်း(၁၀၀)စီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာ(၃)ရွာ ကိုယ်စားဒေသခံ ခွန်ရဲနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်လွင်၊ တောင်ကြီးခရိုင်ကျေး/လက်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင် ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုပုံး)
Powered by Blogger.