Tuesday, September 11, 2018

ကျွမ်းကျင်မှုနှင့်အရည်အသွေးတိုးတက်မှုဆိုင်ရာသင်တန်းများနှင့်အလုပ်အကိုင်ချိတ်ဆက်ပေးခြင်းအစီအစဉ်များအား ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်

 


တောင်ကြီးမြို့၊ ထိန်သာဟိုတယ်တွင် (LIFT) ၏ ထောက်ပံ့မှုဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်IOMတို့ ပူးပေါင်းဆောင်ရွက်သည့် “ ခိုင်ခန့်သောအုပ်ချုပ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်သားရွှေ့ပြောင်းသွားလာမှု၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကျိုးဆက်များကိုတိုးမြှင့်အောင်ပြုလုပ်ခြင်း (တွဲလက်)စီမံကိန်း“၏ စီမံကိန်းလုပ်ငန်းစဉ်ဖြစ်သော ကျွမ်းကျင်မှုနှင့်အရည်အသွေးတိုးတက်မှုဆိုင်ရာသင်တန်းများနှင့် အလုပ်အကိုင်ချိတ်ဆက်ပေးခြင်းအစီအစဉ်များအား ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈၊ စက်တင်ဘာ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့လုပ်တဲ့ ဆွေးနွေးပွဲကကိုယ်တို့(တွဲလက်)စီမံကိန်းမှာသဘောတူထားတဲ့ အချက်တစ်ချက်မှာနည်းနည်းအားနည်းနေတယ်၊ သင်တန်းဆင်းသင်တန်းသူ/သားများအနေနဲ့က(၇၀- ၈၀)ရာခိုင်နုန်းအထိအလုပ်အကိုင်ရမယ်လို့ မျှော်မှန်းထားတာ၊ မျှော်မှန်းသလောက် မပြည့်မှီဘူးပေါ့၊ ခုပေးနေတဲ့ သင်တန်းတွေအနေနဲ့လည်းအလုပ်ရုံစက်ရုံ၊ ဈေးကြီးကနားကြီးတွေမှာဝင်ဆံ့နိုင်လောက်တဲ့ သင်တန်းမျိုးမဟုတ်ဘူးပေါ့။ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တကယ်လို့ ကိုယ့်နယ် ကိုယ့်ဒေသမှာအလုပ်အကိုင် အခွင့်အလှမ်းနည်းပါးလို့ ထိုင်းကိုထွက်ပြီး အလုပ်သွားလုပ်တယ်ဆိုရင်လည်း ဒီကတတ်မြောက်ထားတဲ့ အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တယ်ပေါ့။ ခုဒီဆွေးနွေးပွဲကလုပ်ငန်းရှင်တွေ၊ သင်တန်းဆရာတွေ၊ သင်တန်းတက်ထားပြီးတဲ့ တစ်ချို့သင်တန်းသားတွေကိုဖိတ်ခေါ်ပြီးတော့ ဒီအားနည်းချက်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြည့်ဆည်းနိုင်မာလဲဆိုတာကိုဆွေးနွေးပြီးအဖြေရှာရမယ်“ ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဖြားခွန်အောင်ခင်ကပြောကြားသည်။

(တွဲလက်)စီမံကိန်းမှာ (၁၀)လခန့်သာကျန်ရှိမည်ဖြစ်ပြီးစီမံကိန်းပြီးသည့်အခါ တာဝန်ရှိသူများနေဖြင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့နဲ့ လက်တွဲပြီးဆက်လက်လုပ်ဆောင်မည်ဆိုပါက ၀မ်းပမ်းတသာ ကြိုဆိုလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ယခု(တွဲလက်)စီမံကိန်းအနေဖြင့် သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ကာသင်တန်းသား (၄၉၉)ဦးကိုစက်ချုပ်၊ စက်ပြင်စသည့် သက်မွေးသင်တန်းများပေးပြီးခဲ့ပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းသူ (၈၄)ဦးအားအလှပြင်နှင့်စက်ချုပ်သင်တန်းများပေးနေဆဲဖြစ်ကြောင်း၊ အလုပ်ရုံ၊ စက်ရုံ၊ ဈေးဆိုင်ကြီးများတွင် အလုပ်လုပ်ခွင့်ရရန် ခက်ခဲနေပါကလည်း မိမိဒေသတွင် ဆိုင်ကယ်ပြင် ၀ပ်ရှော့၊ အလှပြင်ဆိုင်စသည့် တစ်နိုင်တစ်ပိုင်ဆိုင်လေးများဖွင့်လှစ်နိုင်ပါကြောင်းကိုလည်း ၄င်းက ဆက်ပြောပါသည်။

ယနေ့ဆွေးနွေးပွဲသို့ IOMနှင့် အလုပ်သမားရေးရာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဥက္ကဋ္ဌ ဦးအောင်ခင်နှင့်အဖွဲ့ဝင်များ၊ ကမ္ဘောဇဘိလပ်မြေစက်ရုံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အခြားသောလုပ်ငန်းရှင်များ၊ သင်တန်းဆရာများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခွန်ရဲုင်းယံ
Powered by Blogger.