တောင်ကြီး၊ ၂၀၁၈-ခုနှစ်၊ စက်တင်ဘာ (၁၄)
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့် တိလုံကျေးရွာအုပ်စု၊ ထမ်းဖရား မြစိမ်းရောင်စီမံကိန်းကျေးရွာသို့ စက်တင်ဘာလ(၁၃)ရက် နံနက်(၉)နာရီက ဟိုပုံးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“ထမ်းဖရားကျေးရွာအနေဖြင့် မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်လုပ်ကိုင်ခြင်းမှာ (၃)နှစ်တာကာလ ရှိခဲ့ပြီးဖြစ်ကာ မြစိမ်းရောင်စီမံကိန်းနှင့်ပက်သက်၍ စာရင်းဇယားပိုင်းဆိုင်ရာများ၊ ငွေစာရင်းပုံစံ(၇)မျိုးနှင့် မြစိမ်းရောင် ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းပိုင်း လုပ်ကိုင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးရာ ကော်မတီဝင်များ လုပ်ငန်းပိုင်း ဆောင်ရွက် ရာတွင် စွမ်းဆောင်ရည်အားမြှင့်တက်လာခြင်း၊ မတည်ငွေမှ အတိုးရငွေများတိုးတက်လာခြင်းကြောင့် ကျေးရွာလူထုအနေဖြင့် ယခင်ထက်ပို၍ ငွေကြေးအခက်အခဲများ လျော့နည်းလာပြီး လုပ်ငန်းများပိုမို၍ လုပ်ကိုင်လာနိုင်ခြင်းကြောင့် ကျေးရွာအတွက်များစွာအကျိုးရှိသည့် စီမံကိန်းဖြစ်ကြောင်း” ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။
ထက်ထက်(ဟိုပုံး)
Like On Facebook
Follow On Twitter
Subscribe On RSS