Friday, September 28, 2018

Male Gender Champion Training နှင့်သက်ဆိုင်သော အကြောင်းအရာကို ဆီဆိုင်မြို့နယ်၊ နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သင်တန်းပေး


တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်



Male Gender Champion Training နှင့်သက်ဆိုင်သော သင်တန်းကို ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ခမ်းဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးက ပါရမီဖွံ့ဖြိုးရေးကွန်ယက်၏ လုပ်ဆောင်မှုအခြေအနေများနှင့် Male Gender Champion Training သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများများကို ရှင်းလင်းပြောကြားခဲ့ပြီး ထိုသင်တန်းဆရာအနေဖြင့် ဆရာမ နန်းအေးအေးမြက ဦးဆောင်ဆွေးနွေး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Male Gender Champion Training သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျား/မ ရေးရာနှင့် ဖို- မ သဘာဝကို၏ ကွဲပြားခြားနားချက်များကို သိရှိလာစေရန်၊ သင်တန်းသားများက မိမိကျေးရွာတွင် ကျား/မ ရေးရာအကြောင်းနှင့် IMOW စီမံချက်အကြောင်းကို ပြန်လည်ဝေမျှပေးနိုင်ရန်၊ အခြားအမျိုးသားများအား ကျား/မရေးရာဘက်လိုက်မှုများနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်း၏ ဆိုးကျိုးများအား ရှင်းလင်းစွာ သိမြင်လာအောင် ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးကဏ္ဍများတွင် အမျိုးသမီးများပါဝင်လာခြင်း၏ ကောင်းကျိုးများအား မီးမောင်းထိုးပြခြင်း၊ အိမ်ထောင်မှုနှင့် ရပ်ရွာအတွင်းတွင် အမျိုးသမီးများ၏ စီးပွားရေးအရ ပါဝင်ကောင်းကျိုးပြုနိုင်မှုများ မီးမောင်းထိုးပြနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါသင်တန်းကို ကနေဒါနိုင်ငံ အစိုးရနှင့်အလှူရှင်တို့၏ ပံ့ပိုးမှုဖြင့် MEDA အဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်သော အမျိုးသမီးများအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိရေး စီမံကိန်းဖြင့် Male Gender Champion Training သင်တန်းသည် သင်တန်းကာလ(၂)ရက်တာ ဖြစ်ပြီး သင်တန်းသား (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်ယံသေ
Powered by Blogger.