Saturday, November 24, 2018

ကျေးရွာအတွင်းရှိ မျိုးဆက်သစ်လူငယ်များအား ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်ပိုမိုသိရှိနားလည်လာစေရန် သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၈- ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်



၂၀၁၈- ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်၊ စနေနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ဘန်းပြင်ကျေးရွာအုပ်စု၊ ဘန်းပြင် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO)၊ ဗဟိုဌာနချူပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာမှ  ဦးဆောင်၍ ခေါင်းဆောင်မှု သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀း၀၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ရှေးဦးစွာ ဘန်းပြင်ကျေးရွာ ဆရာတော်ထံမှ ငါးပါးသီလနှင့် သြဝါဒခံယူပြီးနောက် ဘန်းပြင်ကျေးရွာကျေးရွာသူကြီး ဦးခွန်မောင်တီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO)၊  ပင်လောင်းမြို့နယ်၊ မြို့နယ်ရုံးတာဝန်ခံ ခွန်တီးမောင်မှ အနာဂတ်တွင်ကျေးရွာ၊ လူမျိုးအတွက် သဲတစ်ပွင့်အုတ်တစ်ချပ်အနေဖြင့် အားကိုးအားထားပြုစေသည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သောကြောင့် ယနေ့တက်ရောက်လာသောမျိုးဆက်သစ်လူငယ်များအနေဖြင့် ကြိုးကြိုးစားစားလေ့လာသင်ယူစေလိုကြောင်း သို့မှသာ မိမိတို့ရပ်ရွာဒေသသည် အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး၊ သင်တန်းမှူး ခွန်အောင်သိန်းနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် ဆွေးနွေးဖလှယ်သွားမည့် သင်ခန်းစာများကို အကျဉ်းချုပ် ရှင်းလင်းပြောကြားပြီးနောက် သင်ခန်းစာများကို ဆက်လက်ဆွေးနွေးမှုများ စတင်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို တက်ရောက်လာသူ သင်တန်းသား(၉)ဦး သင်တန်းသူ(၁၇)ဦး၊ စုစုပေါင်း(၂၆)ဦး တက်ရောက်ပြီး (၂၄.၁၁.၂၀၁၈) မှ (၂၅.၁၁.၂၀၁၈)ထိ (၂)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဖူးမူဗွာ
မဲုင်းကောင်

Powered by Blogger.