တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်
တောင်ကြီးမြို့၊ PNO အသွင်းပြောင်းပြည်သူ့စစ်(ဌာနေ)၊ ဌာနချုပ်ရုံးတွင် ပြုလုပ်သော အထူးဒေသ (၆)နောင်ကားဒေသ (၁၉)-ကြိမ်မြောက်နောင်ကားဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီဝင်များ အစည်းအဝေးပွဲတွင် ပွယ်ဖြစ်မြောက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဖြားခွန်သိန်းဖေက (၁၅-၁၁-၂၀၁၈)ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် နောင်ကားဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ကော်မတီ ဥက္ကဋ္ဌ ဖြားပီတာထွန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒု-ဥက္ကဋ္ဌ ဖြားခွန်သိန်းဖေက အမှာစကားပြောကြားရာ- နောင်ကားဘောလုံးသည် တစ်မျိုးသားလုံးပွဲဖြစ်ပါကြောင်း၊ အထူးဒေသ ၆-ဖွံ့ဖြိုးရေးသည် အားကစားကဏ္ဍလည်း ဦးစားပေးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နောင်ကားဘောလုံးပွဲကို အကြောင်းပြုပြီး စည်းလုံးမှုရပြီး အားကစားသမားကောင်းများလည်း များစွာမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများပပျောက်ရေးအတွက် များစွာအထောက်အကူ ပြုနိုင်ရုံသာမက လူနေမှုအဆင့်အတန်းလည်း တိုးတက်လာပြီဖြစ်ကြောင်း၊ ခေါင်းဆောင်အဆက်ဆက်က လမ်းညွန်မှုကို မိမိတို့လူငယ်အပါအဝင် အားလုံးပူးပေါင်း၍ အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ မြို့နယ်တိုင်း၊ ကျေးရွာအုပ်စုတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း၊ ဘောလုံးပွဲနှင့်ပတ်သက်၍ ငွေကြေးကောက်ခံမှု တစ်စုံတစ်ရာမရှိပဲ သက်ဆိုင်ရာမြို့နယ်၊ကျေးရွာအုပ်စု ကိုယ်စားပြု ဘောလုံးအသင်းသားများ သွားလာရေးစရိတ်အတွက်သာ တာဝန်ရှိပုဂ္ဂိုလ်များက ကောက်ခံပေးလျက်ရှိကြောင်း၊ ဘောလုံးပွဲကို အကြောင်းပြုပြီး အရာအားလုံး ကောင်းသည်ထက်ကောင်းအောင် ကြိုးစာကြရမည်ဖြစ်ကြောင်း၊ နောင်ကားဘောလုံးပြိုင်ပွဲသည် တနိုင်ငံလုံး တိုင်းသိပြည်သိပွဲဖြစ်ပါကြောင်း မိမိတို့ခေါင်းဆောင်ကအစ အားကစားပိုင်းကို ဝါသနာပါခြင်းကြောင်း နိုင်ငံတော်က အသိအမှတ်ပြုအကူအညီများ ထောက်ပံ့လာပြီဖြစ်ကြောင်း၊ မိမိတို့ဒေသ အထက်တန်းကျောင်းရှိသည့်ကျေးရွာတိုင်း အားကစားကွင်း ဖော်ဆောင်ပါက နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း (၂၀၀)ကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖြားခွန်သိန်းဖေက ပြောကြားပေးခဲ့ပါသည်။
ယခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အကြီးတန်ဘောလုံးအသင်း ဝင်ကြေး (၁)သိန်းကျပ်၊ အငယ်တန်းဘောလုံးအသင်း ဝင်ကြေး (၅)-သောင်းကျပ်၊ အကြီးတန်း ပထမဆုကို ကျပ်သိန်း-၂၀၊ ဒုတိယဆုကို ကျပ် ၁၅-သိန်း၊ အငယ်တန်းအသင်း ပထမဆုကို ကျပ် ၁၀-သိန်း၊ ဒုတိယဆုကိုကျပ် ၈-သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နောင်ကားဘောလုံးကွင်း နံနက် (၉း၀၀) နာရီတွင် မဲနိုက်၍ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အသင်းစာရင်းများကို နောင်ကားဒေသ ဖွံဖြိုးရေးရုံးနှင့် ရွှေပအိုဝ်းအားကစားပစ္စည်းဆိုင် အနောက်မြို့ပတ်လမ်း တောင်ကြီးတွင် (၁၀-၁၂-၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS