Friday, December 7, 2018

ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ ပင်​​လောင်းမြို့နယ်​၊ ​နောင်​တရားမြို့နယ်​ခွဲ၊ လွယ်​အယ်​ဘုန်း​တော်​ကြီး​ကျောင်းတွင်​ ​ဒေသခံလူငယ်​များအား စွမ်းရည်​မြှင့်​​ခေါင်း​ဆောင်​သင်​တန်းဆင်းပွဲ အခမ်းအနားပြုလုပ်​ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်







၂၀၁၈ခုနှစ်​၊ ဒီဇင်​ဘာလ(၇)ရက်​၊ ​သောကြာ​နေ့၊ နံနက်​ (၁၀း၃၀)နာရီအချိန်​တွင်​ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ၊ ပင်​​လောင်းမြို့နယ်​၊ ​နောင်​တရားမြို့နယ်​ခွဲ၊ ပင်​ခင်​ကျေးရွာအုပ်​စု၊ လွယ်​အယ်​​ဘုန်း​တော်​ကြီး​ကျောင်းတွင်​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်​(PNO)၊ ဗဟိုဌာနချုပ်​ရုံး၊ ​လေ့ကျင့်​ပညာ​ပေး​ရေးဌာနမှ သင်​ကြား​ပေး​သော​ ​ဒေသခံလူငယ်​များအား စွမ်းရည်​မြှင့်​​ခေါင်း​ဆောင်​မှုသင်​တန်း၊ သင်​တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်​ကျင်းပခဲ့​ကြောင်း သိရှိရသည်​။

အခမ်းအနားမစတင်​မှီ လွယ်​အယ်​​​ကျောင်းထိုင်​ဆရာ​တော်​ထံမှ ငါးပါးသီလနှင့် သြဝါဒစကားကို ခံယူခဲ့ပြီးသည်​နှင့် တက်​​ရောက်​လာ​သော လူကြီးမင်းများ၊ သင်​တန်းသား/သူများက ပအိုဝ်းအမျိုးသားအလံ​တော်​နှင့် အမျိုးသားသီချင်းသီဆိုခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်​ခဲ့​ကြောင်း သိရသည်​။

အခမ်းအနားကို ​နောင်​တရားမြို့၊မြို့အုပ်​ချုပ်​​ရေးမှူး ဦးစိုင်းချမ်း​မြေ့ဝင်းမှ ၎င်းတို့ဌာန၏ လုပ်​ငန်းတာဝန်​လုပ်​​ဆောင်​ချက်​များနှင့် စီမံခန့်​ခွဲမှုအခန်းကဏ္ဍများကို အကျယ်​တဝင့် ရှင်းလင်း​ပြောကြား​ပေးခဲ့သည်​။

ထို့​နောက်​ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ၊ ပင်​​လောင်းမြို့နယ်​၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ မဲဆန္ဒနယ်​ အမှတ်​(၂)ခွန်​​စော​အောင်​မှ မိမိတာဝန်​ယူလုပ်​ကိုင်​လျှက်ရှိ​သောလွှတ်​​တော်​အတွင်း ကြုံ​တွေ့ရ​သောအ​​တွေ့များအ​ကြောင်း၊ မိဘပြည်​သူများ သိသင့်သိထိုက်​သည့် စိုက်​ပျိုး​ရေးနည်းပညာများနှင့် ​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ လိုအပ်​ချက်​များ၊ လုပ်​​ဆောင်​သင့်သည့် အ​ကြောင်းအရာများကို မျှ​ဝေ​ပေးခဲ့​ကြောင်း သိရှိရပါသည်​။

ဆက်​လက်​ပြီး ပအိုဝ်းအမျိုးသားလွှတ်​​တော်​ ကိုယ်​စားလှယ်​ဖြားခွန်​သိန်း​ဖေမှ "လွှတ်​​တော်​တစ်​​ယောက်​အ​နေနှင့်​ လွှတ်​​တော်​သက်​တမ်းတွင်​ လုပ်​ငန်း​ဆောင်​ရွက်​မှုများ နှင့် ကြုံ​တွေ့ရ​သောအ​တွေ့အကြုံများ၊ လွှတ်​​တော်​နှင့် ပတ်​သက်​​သည့် သိသင့်သိထိုက်​​သော ဗဟုသုတများ၊ မြန်​မာနိုင်​ငံအတွင်း လွှတ်​​တော်​အမတ်များ​အ​နေဖြင်​​​ဆောင်​ရ​သော လုပ်​​ငန်းဆောင်​ချက်​များ၊ တာဝန်​ယူ စီမံခန့်​ခွဲမှုအခန်းကဏ္ဍများအ​ကြောင်း၊ အမျိုးသား​ရေးရာအခန်းကဏ္ဍများအ​ကြောင်း၊ ​မိမိဒေသအမြန်​ဖွံ့ဖြိုး​တိုးတက်​ရန်​ အဓိက လိုအပ်​ချက်​(၃)ချက်​ဖြစ်​​သော လမ်း၊ မီး၊ ​ရေစသည်​တို့ပြည့်​စုံမှသာလုပ်​ငန်း​များဆောင်​ရွက်​ရာတွင်​ လျှင်​မြန်​​စေပြီး ထိုသို့​ဆောင်​ရွက်​ရာတွင်​လည်း ရပ်​ရွာ၊ လူမျိုးဘာသာမခွဲခြားဘဲ ​အဓိကဆောင်​ရွက်​​ပေး​နေခြင်းဖြစ်​သည့်​အတွက်​ အချင်းချင်းစည်းလုံးညီညွတ်​ရန်​လိုအပ်​​ကြောင်း" ​ပြောကြား​ပေးခဲ့ပါသည်​။

ယခုလို စွမ်းရည်​မြှင်ခေါ့င်းဆောင်သင်​တန်း​ပေးပို့ချရခြင်းမှာ "​ဒေသတွင်း အသိပညာကြွယ်​ဝ​သော မျိုးဆက်​သစ်​လူငယ်​လူရွယ်​များ အသိပညာတိုးပွားစေလိုခြင်း၊ ​မျိုးဆက်​သစ်​လူငယ်​များမှ တစ်​​နေ့တစ်​ချိန်​လူကြီးဖြစ်​လာသည့်အခါ ရပ်​ရွာဖွံ့ဖြိုးသာယာလှပဖို့ ၎င်းတို့ကလုပ်​​ဆောင်​ရမည်​ဖြစ်​​ကြောင်း၊ အမှားအမှန်​​ဝေဖန်​ပိုင်းခြား​ပေးရမည့်သူများဖြစ်​​ကြောင်း၊ အသိပညာဗဟုသုတကြွယ်​ဝသည့်​သူရှိမှသာ မိမိရပ်​ရွာကို ကာကွယ်​နိုင်​မည်​ဖြစ်​​ကြောင်း၊ ​တစ်​​နေ့တစ်​ချိန်​တွင်​ ​အသိပညာဗဟုသုတကြွယ်​ဝ​သောလူငယ်​များ လုပ်​ငန်း​အ​ကောင်​ထည်​​ဖော်​​ဆောင်​ရွက်​ရာတွင်​ လျှင်​မြန်​စွာပြီးစီး နိုင်​​မည်​ဖြစ်​ကြောင်း ထို့​ကြောင့်​​ဒေသတိုင်းတွင်​ ဗဟုသုတကြွယ်​ဝ​သော လူငယ်​လူရွယ်​များကို ရှိ​စေလိုကြောင်း၊ထို့အပြင်​ နိုင်​ငံ​တော်​၊ လွှတ်​​တော်​ ၊ ​ဒေသဦးစီးသာမက အခြား​သော အလှူရှင်​များမှ မိမိတို့​ဒေသဖွံ့ဖြိုး​ရေးအတွက်​​ပေးလာသည့်အခွင့်အ​ရေးကို ​တစ်​ဦးချင်းစီယူတတ်​ရန်​၊ ယူတက်​ရန်​မပြီးဘဲ အန္တာရာယ်​ကို ကာကွယ်​နိုင်​မည်​ဖြစ်​ကြောင်း" ထပ်​မံ​ပြောကြား​ပေးခဲ့​ကြောင်း သိရှိရပါသည်​။

ထို့​နောက်​ တက်​​ရောက်​လာ​သော ​ဒေသခံ ရပ်​မိ/ဖနှင့် သင်​တန်းသား​/သူများမှ သိလိုသည်​များကို အ​မေးအ​ဖြေကဏ္ဍများ ပြုလုပ်​ကာ တက်​​ရောက်​လာ​သော ​ဒေသခံများကိုယ်​စား ဖြားခွန်​​မောင်​ကီးမှ ​ကျေးဇူးတင်​စကားပြန်​လည်​​ပြောဆိုကာ အခမ်းအနားကို ရုပ်​သိမ်းခဲ့​ကြောင်း သိရှိရပါသည်​။

အဆိုပါ ​ဒေသတွင်းမျိုးဆက်​သစ်​လူငယ်​များအား စွမ်းရည်​မြှင့်​​ခေါင်း​ဆောင်​မှုသင်​တန်းကာလ(၂)ရက်​တွင်​ သင်​တန်းသား/သူ (၆၂)ဦး ​အောင်​မြင်​စွာ တက်​​ရောက်​ခဲ့​ကြောင်း သိရှိရပါသည်​။

အဆိုပါအခမ်းအနာသို့၊ အမျိုးသားလွှတ်တော်ကိုယ်​စားလှယ်​ ဖြားခွန်​သိန်း​ဖေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ဗဟို)ဌာနချုပ်​ရုံးမှ အတွင်း​ရေးမှူး(၃)ဖြားခွန်​တင်​ထွဋ်​နှင့် တာဝန်​ရှိပုဂ္ဂိုလ်​များ၊ ပအိုဝ်းစာ/ယဉ်​အဖွဲ့(ဗဟို) အတွင်း​ရေးမှူး ဖြားခွန်​​မောင်​ဖြူ၊ ပအိုဝ်းကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်ရ​ဒေသ၊ ပင်​​လောင်းမြို့နယ်​၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ မဲဆန္ဒနယ်​ အမှတ်​(၂)ခွန်​​စော​အောင်​နှင့် အဖွဲ့များ၊ ​နောင်​တရားမြို့၊ မြို့အုပ်​ချုပ်​​ရေးမှူး ဦးစိုင်းချမ်း​မြေ့ဝင်း၊ သင်​တန်းသူ/သားများနှင့် ပင်​ခ​င်​ကျေးရွာအုပ်​စုမှ ရပ်​မိ/ဖများတက်​​ရောက်​ခဲ့​ကြောင်း သိရှိရပါသည်​။

နန်းခမ်းဗွေ
Powered by Blogger.