တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊နောင်တရားမြို့နယ်ခွဲ ၊ ပင်ခင်ကျေးရွာအုပ်စု လွယ်အယ် (လွယ်အဲုင်း)ဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ နောင်တရားမြို့နယ်ရုံး(ရုံးတာဝန်ခံ)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အယ်(လွယ်အဲုင်း)ကျေးရွာရှိဒေသခံ များပူးပေါင်း၍ ခေါင်းဆောင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ရှေးဦးစွာ လွယ်အယ်(လွယ်အဲုင်း)ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တရာဇဂုရု(ခွန်တရာ,-စန္တာ;ဆားတတဲုင်)အား လှူဖွယ်ပစ္စည်းများဖြင့်ကန်တော့ပြီး ငါးပါးသီလခံယူကာ ဆရာတော်ထံ သြဝါဒခံယူခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်အလံတော်အားအလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံကိုအလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားသီချင်းကို သံပြိုင်သီဆိုခြင်းစသည့်အစီအစဉ်များဖြင့်စတင်ခဲ့ပါသည်။
ဆက်လက်ပြီး လွယ်အယ်(လွယ်အဲုင်း)ရွာသူကြီးမှအဖွင့်အမှာစကားပြောကြားပေးရာတွင် ယခုသင်တန်းသည် သင်တန်းနည်းပြများမှ အပင်ပန်းခံ၊ အချိန်ကုန်ခံ၊ မိဘပြည်သူများ၏ ပံ့ပိုးမှုများဖြင့် သင်ယူရရှိလာသည့်ပညာများကို သင်တန်းသူ/သားများအနေဖြင့် သိရှိတတ်မြှောက်နိုင်စေရန်ရည်ရွယ်၍ လာရောက်မျှဝေပေးခြင်းဖြစ်သောကြောင့် သင်တန်းသူ/သားများမှ အလေးထားလိုက်နာမှတ်သားရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည။်ထို့နောက်တွင် နောင်တရားမြို့နယ်၊ ရုံးတာဝန်ခံ နန်းတင်ဦး၊ သင်တန်းနည်းပြများနှင့် တက်ရောက်လာသည့်သင်တန်းသူ/သားများအား အပြန်အလှန်မိတ်ဆက်စေခဲ့ကာ သင်တန်းဖွင့်ပွဲအမ်းအနားကို နံနက်(၁၀း၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
ယခုခေါင်းဆောင်မှုသင်တန်းကို ၂၀၁၈-ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ (၆)ရက်နေ့အထိ (၂)ရက်ကြာဖွင့်လှစ်သွားခဲ့ပြီး သင်တန်းတွင် လူထုတွင်းစကားပြောစွမ်းရည်၊ ခေါင်းဆောင်၊ ခေါင်းဆောင်မှုနှင့် စည်းရုံးခြင်းစသည့် ဘာသာရပ်ခေါင်းစဉ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ပင်ခင်ကျေးရွာအုပ်စုမှ လွယ်အယ်(လွယ်အဲုင်း)ရွာမှ သင်တန်းသား(၃၁)ဦးနှင့် သင်တန်းသူ(၃၁)ဦး စုစုပေါင်း သင်တန်းသူ/သား(၆၂)ဦး တက်ရောက်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ခွန်ကတောင်လေ
ခမ်းစန္တားဟေ့
Like On Facebook
Follow On Twitter
Subscribe On RSS