Thursday, January 10, 2019

ထမ်းဘုရားကျေးရွာ ဘုန်းတော်ကြီးကျောင်းတည်ဆောက်ရန် အုတ်မြစ်ချအခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက်







ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံးဟေးကျေးရွာအုပ်စု၊ ထမ်းဘုရားကျေးရွာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံရပ်မိရပ်ဖတို့ပူးပေါင်းပြီး လှူဒါန်းသော ဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ရန်အတွက် အုတ်မြစ်ချအခမ်းအနားကို ၂၀၁၉-ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်၊ နံနက် (၉း၃၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီးနောက် နမ့်ခုတ်ကေတုမတီဆရာတော်ထံမှ ငါးပါးသီလခံယူပြီး အုတ်မြစ်ချမည့်အုတ်ချပ်များကို ကေတုမတီဆရာတော်ထံသို့ ကပ်လှူကာ အနုမောဒါနာ တရားတော်နာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် အုတ်မြစ်ချမည့် အုတ်ချပ်နှင့် ဌာပနာရန် ရွှေအိုး၊ ငွေအိုးများကို ပင့်ကျောင်း ဆရာတော်များနှင့် ကျေးရွာ သဘာပတိပုဂ္ဂိုလ်များက ကျောင်းတော်တည်ဆောက်ရန် မြေနေရာသို့ ပင့်ဆောင်သွားကြပြီး နံနက် (၁၀း၀၀) အချိန်တွင် အုတ်မြစ်ချခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဘတ်ဂျတ် သိန်း (၅၀၀) နှင့် ဒေသခံရပ်မိရပ်ဖ ကျောင်းဒါယကာ၊ ဒါယိကာများ သိန်း (၂၃၀) ၊ စုစုပေါင်း ကျပ် သိန်း(၇၃၀) ဖြင့်  ပေ (၆၀× ၄၅) တစ်ထပ်တိုက် ကျောင်းဆောင်ကို  မြင့်မိုရ်လွင်တည်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ထိုအုတ်မြစ်ချအခမ်းအနားသို့ ပင့်ကျောင်း (၉)ကျောင်းမှ ဆရာတော်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုအလုပ်အမှုဆောင်မှ ဖြားခွန်ချွန်း၊ လုံဟေးကျေးရွာအုပ်စုမှ ရွာသူကြီးများ ထမ်းဘုရားကျေးရွာနေ ရွာသူ/ရွာသားများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ခွန်ယံသေ
Powered by Blogger.