Sunday, January 20, 2019

(၁၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အောင်မြင်စွာပြီးဆုံး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၀) ရက်







၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့မှ စ၍ စတင်ကျင်းပခဲ့သော (၁၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲသည် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ(၂၀)ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ အငယ်တန်းအဆင့်တွင် အွိုင်းပုံလောဝ်အသင်းနှင့် ဖရဲ FC (က)တို့ ယှဉ်ပြိုင်ရာ ဖရဲ (က)အသင်းက ပွဲကစားချိန်အတွင်းနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ပါသည်။

အမျိုးသမီးဘောလုံးအသင်းပြိုင်ပွဲမှာတွင် ဖရဲကောင်ရွဉ်အမျိုးသမီးအသင်းနှင့် အောင်ပန်းပအိုဝ်းအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ရာ ပွဲကစားချိန်အတွင်း တဖက်တစ်ဂိုးစီ သရေကျနေပြီး၊ အချိန်ပိုကစားရာတွင်လည် သရေကျနေသဖြင့် ပင်နယ်တီကန်ရာတွင်  အောင်ပန်းပအိုဝ်းအမျိုးသမီးအသင်းက ဖရဲကောင်ရွဉ်အမျိုးသမီးအသင်းကို (၆-၅)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။

နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော အလွတ်တန်းပွဲတွင် ရန်ကင်းဒေသအသင်းနှင့် ကန်တော်တန်အသင်းတို့ ယှဉ်ပြိုင်ရာ ရန်ကင်းဒေသ အသင်းက ပွဲကစားချိန်အတွင်း တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါသည်။

အငယ်တန်းအဆင့်တွင် ဂိုး-အကောင်းဆုံးဆုကို ပုံလောဝ်(ခ)အသင်းမှ ခွန်နိုင်ဦး၊ နောက်တန်းအကောင်းဆုံးဆုကို ဖရဲ(က)မှ ခွန်ဘိုဦး၊ အလယ်တန်းအကောင်းဆုံးဆုကို ဖရဲ(က)မှ ခွန်ထက်လင်း၊ ရှေ့တန်းအကောင်းဆုံးဆုကို ပုံလောဝ်(ခ)မှ ခွန်ဘိုအောင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုကို ဖရဲ(က)မှ ခွန်ဦးသာက ရရှိခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုကို ဖရဲကောင်ရွဉ်အသင်းမှ ကျောနံပါတ်(၇) နန်းကြိုးကြာက ရရှိခဲ့သည်။ အလွတ်တန်းအဆင့်တွင် အကောင်းဆုံးဆုများမှာ- ဂိုးအကောင်းဆုံးဆုအဖြစ် - ရန်ကင်းဒေသအသင်းမှ ခွန်ကျော်သူ၊ နောက်တန်းအကောင်းဆုံးဆုကို ကန်တော်တန်အသင်းမှ ခွန်အောင်မျိုးကျော်၊ အလယ်တန်း အကောင်းဆုံးဆုကို ရန်ကင်းဒေသအသင်းမှ ခွန်နီနီ၊ ရှေ့တန်းအကောင်းဆုံးဆုကို ကန်တော်တန်အသင်းမှ ခွန်မာတိယ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုကို ရန်ကင်းဒေသအသင်းမှ ခွန်ဝင်းဗိုလ်တို့က အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အကြီးတန်အဆင့် ပထမဆုရအသင်းကို ကျပ်သိန်း(၂၀)၊ ဒုတိယဆုကို ကျပ်(၁၅)သိန်း၊ အငယ်တန်းအဆင့် ပထမဆုရအသင်းကို ကျပ်(၁၅)သိန်း၊ ဒုတိယဆု ကျပ်(၁၀)သိန်း၊ အမျိုးသမီး ပထမဆုရအသင်းကို ကျပ်(၃)သိန်း၊ ဒုတိယဆုရအသင်းကို ကျပ်(၂)သိန်း အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ကျော်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသအသီးသီးမှ ပရိသတ်များ ဘောလုံးကွင်း၏ လေးဖက်လေးတန် ကွင်းပြည့်လျှံကာ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

KAmyo
Powered by Blogger.