တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်
၂၀၁၉-ခုနှစ်၊ ဇူလိုင်လ (၁၈) ရက် နံနက်(၁၀း၀၀)အချိန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူးအဖွဲ့၊ အတွင်းရေးမှူးအထောက်အကူပြုအဖွဲ့၊ အတိုင်ပင်ခံအကြံပေးအဖွဲ့နှင့် ဌာနမှူးများမှ လာမည့် ၂၀၂၀-ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အစည်းအဝေးတွင် လာမည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မဲဆန္ဒနယ်များရွေးချယ်ခြင်း၊ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်း၊ အမျိုးသမီးများနှင့် လူငယ်ကိုယ်စားလှယ်များရွေးချယ်ခြင်း၊ မဟာဗျူဟာရေးဆွဲခြင်း၊ ကွင်းဆင်းအချက်အလက်များကောက်ခံခြင်းစသည့် ကိစ္စရပ်များကို လာမည့် ၂၀၂၀-ခုနှစ်၊ မတ်လတွင်ကျင်းပမည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ညီလာခံတွင် အဆိုတင်သွင်းနိုင်ရန် အကြိတ်အနယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ခွန်ဝေဠု
Like On Facebook
Follow On Twitter
Subscribe On RSS