Wednesday, July 24, 2019

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ အခမဲ့နေ့ချင်းပြီးဆောင်ရွက်ပေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်



ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စု၊ တရောက်ကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမဆောင်၌ ဇူလိုင် (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုဇယားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဆီဆိုင်မြို့နယ် ဦးစီးမှူးရုံးနှင့် NRC တို့ ပူးပေါင်း၍ ကျေးရွာအရောက်နေ့ချင်းပြီးအခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများ အခမဲ့ဆောင်ရွက်ရာတွင် တရောက်ကျေးရွာ၊ လာဇရှုးကျေးရွာ၊ တောင်သာကျေးရွာနှင့် ကုန်းသာကျေးရွာတို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား(၄၀)ခုနှင့် အိမ်ထောင်စုဇယား(၅၉)စောင်တို့အား နေ့ချင်းပြီးအခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာအုပ်စုများသို့လဲ အခမဲ့ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်း ထံမှသိရသည်။

မြို့နယ်ပြန်ဆက်
Powered by Blogger.